School in Winter ဆောင်းနဲ့ ကျောင်း

မနှစ်က ဒီနေ့မှာ ဝတ်စုံပြည့်နဲ့။ နှင်းရေခဲအေးတာကိုခံနိုင်အောင်ပါ။ ဒါတောင် ကျောင်းကိုအမြန်လာရလို့ လက်အိတ် မစွပ်ခဲ့ရပါ။

ကျွန်တော် မြန်မာဘာသာပြန်ဆရာအလုပ်နေတဲ့ Christel House DORS ကျောင်းသွားကျောင်းပြန် အကူအညီပေးနေတဲ့ ကယန်းလူမျိုးကျောင်းသား စတီဗင်ဂျွန်က ဓါတ်ပုံရိုက်ပေးပါတယ်။ နောက်တပတ်ဆို သူက အလုပ်ပြောင်းပြီး၊ ကျောင်းပါ ပြောင်းရမှာမို့ ကျွန်တော့်လည်း ကားကြုံသစ်ပြောင်းရပါတယ်။ ဒီမှာက ဒီလိုပဲ။

အသွားကိုတော့ သားတယောက်က လိုက်ပို့တယ်။ အပြန်မှာ ကျောင်းသားတယောက်နဲ့အတူ၊ အဆင်သင့်သလို ပြန်ပါတယ်။ ကယန်း (ကရင်နီ) ပြီးတော့ ဖလမ်း (ချင်း)၊ ကြားထဲမှာ ဟားခါး (ချင်း)၊ အရင်က ဗမာနဲ့ ကချင်။ ခုနောက်ပိုင်း ပုဏ္ဏားကျွန်း (ရခိုင်)။

ဒီမှာက အလုပ်ကို ကားစပ်တူသွားကြသူတွေက ကားခပေးစီးနိုင်ကြတယ်။ ကျွန်တော်ကတော့ မေးစရာ အင်္ဂလိပ်စာ တလုံး နှစ်လုံးရှာခဲ့ကြလို့သာ ပြောထားတယ်။ ကားခရယ်တော့ မဟုတ်။ ဆရာလုပ်ချင်လို့။ Smile!

ဒေါက်တာတင့်ဆွေ
၂ဝ-၁-၂ဝ၁၆
၂ဝ-၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး