အိမ်ရှေ့မှာ

ဆရာ့ ဒီကနေ့ ၂၆-၁-၂ဝ၁၇ ဗုဒ္ဓဟူးနေ့မှာ ပုလဲကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်တယ်ဆရာ။

ဝန်ကြီးချုပ်က ပထမမိတ်ဆက်မှာ သူ့ကိုယ်ရေးအနည်းငယ်ပြောပြီး ဆရာ့ရဲ့ ဇာတိပုလဲဟာ ဆရာ့လိုပုဂ္ဂိုလ်မျိုး စနစ်ဆိုးကြောင့် ဆုံးရှုံးရတာတွေ ဆရာဒီပုလဲမှာခုနေရှိရင် ဘယ်လောက်ကောင်းမယ်ဆိုတာ၊ ဆရာနဲ့ အချိတ်အဆက် မမိလို့ ထောက်လှမ်းရေးက အရင်ဖမ်းမိပြီး၊ ဆရာနဲ့အတူထွက်ဖို့လွဲခဲ့ရတာကြောင့် ထောင်ကျခဲ့ရတာတွေ ထောင်က လွတ်လာလို့ အပြောင်းအလဲတခုကြောင့် ဒီကနေ့ တိုင်းဝန်ကြီးချုပ်အဖြစ်နဲ့ ရောက်လာခဲ့ပုံ၊ စစ်အာဏာရှင်ကို တော်လှန်ရတာ မခက်ပေမယ့် နိုင်ငံရေးလုပ်ရတာ တိုင်းပြည်တည်ဆောက်ရတာခက်ခဲတဲ့အကြောင်း ဝန်ထမ်း အရာရှိများအနေနဲ့လည်း ကျနော်တို့နဲ့အတူ ပူးပေါင်းစေချင်ကြောင်းပြောပြီး အပြန်အလှန်ဆွေးနွေးပါတယ်။ ဆရာ အခန်းအနားပြီးဆုံးတော့ NLD ရုံးမှာ EC အဖွဲ့တွေအားလုံးကို ဒူးတိုက်ဆွေးနွေးပါတယ်။

ပြန်ခါနီးမှာ ဆရာ့အိမ်ရှေ့ အမှတ်တရ ဓါတ်ပုံရိုက်ချင်တယ်ဆိုပြီး ရိုက်ပါတယ်ဆရာ။ ဆရာ့လူရင်း ညိုဌေး။

၁၉၉ဝ မှာ အတူတူအရွေးခံရသူတွေဖြစ်ကြတဲ့ ဒေါက်တာမြင့်နိုင်၊ ဦးစောလှိုင် (ကွယ်လွန်) နဲ့ ဦးမြင့်ကြည်တို့ ကျွန်တော်ရှိစဉ်က ပုလဲအိမ်လေးအထိ ရောက်လာကြပါတယ်။ သူတို့က ကျွန်တော့်လောက်ကံမကောင်းကြလို့ အဖမ်းခံရ ထောင်ဒဏ်တွေ နှစ်ရှည်ကျခံကြရတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး