Saturday, January 21, 2017

စိတ် ဆိတ် ဆိပ်

Mal Moe ဆရာ စိတ်ကွယ်ရာ နဲ့ ဆိတ်ကွယ်ရာ အဓိပ္ပါယ်တူပါသလားရှင့်။ ဘယ်စကားက မှန်ပါသလဲရှင်။

စိတ်
ကွက်စိတ်ဆရာ
ခပ်မဆိတ်နေသည်
ခွဲစိတ်ခန်း
ခွဲစိတ်အထူးကုဆရာဝန်
စိတ္တဇ
စိတ်ကိုချုပ်ထားပါ
စိတ်ကူးစိတ်သန်း
စိတ်ဆတ်သူ
စိတ်ဆိုး
စိတ်ညံ့
စိတ်တိုင်းကျ သုံးဆောင်ပါ
စိတ်ဓာတ်မကျပါနှင့်
စိတ်ပျံ့
စိတ်ပျက်
စိတ်ငြိမ်သက်
စိတ်မကျေပွဲ
စိတ်မနှံ့သူ
စိတ်ဖြာ (ဝေဘန်ခွဲခြမ်းသည်)
စိတ်လိုက်မာန်ပါ မလုပ်ပါနှင့်
စိတ်ဝင်စား
စိတ်ဝမ်းနှလုံး ကောင်းပါစေ
စိတ်သန္တာန်
စိတ်ကောင်း
စိတ်ထွေပြား
စိတ်ရောကိုယ်ပါ
စိတ်ဝေဒနာ
စိတ်နှလုံး
ဆန်တစိတ် (ဆန်တစ်စိတ် မဟုတ်)
အချစ်စိတ်
အမုန်းစိတ်
အသေးစိတ်
ငွေအစိတ်
ဒေါင်းမုတ်ဆိတ်ပင်
နှစ်စိတ်တခွဲ

ဆိတ်
ဆိတ်ကွယ်ရာ
ဆိတ်ချို
ဆိတ်ဆိတ်နေ
ဆိတ်တကောင်
ဆိတ်ဖွား
ဆိတ်ဖလူးပန်း
ဆိတ်ဖူးပင်
ဆိတ်ဖဲ့
ဆိတ်ငြိမ်ရာအရပ်
ဆိတ်သို
ဆိတ်သုဉ်း
ဆိတ်နို့မုန့်
ညံဆိတ်ဆိတ်
တဆိတ်စာ
တဆိတ်တပေါက်
တဆိတ်ကျေးဇူးပြုပါ
တိတ်ဆိတ်သောည
တိတ်တဆိတ်
တို့ဆိတ်
တဖျောက်ဆိတ်ဆိတ်
ထိုးဆိတ်
ပရွက်ဆိတ်
ပုစွန်ဆိတ် (ဗုဇွန်ဆိတ် ယခင်အသုံး)
ကြက်ဆိတ်သည်
မိုးတစိတ်စိတ် (မိုးတစိမ့်စိမ့်)
မုတ်ဆိတ်
ရှုစိတ်သည် (ရှုစိမ့်သည်)
လက်သည်းဆိတ် လက်ထိပ်နာ
လက်နှင့်ဆိတ်
လူသံတိတ်ဆိတ်

ဆိပ်
ကွန်စိပ်ချ၍ ငါးဖမ်းသည်
ကူးတို့ဆိပ်
စပါး ခပ်စိပ်စိပ်ကြဲပါ
စိပ်ပုတီး
တံဆိပ်ခေါင်း
ပုတီးစိပ်ပါ
ဘွဲ့တံဆိပ်
မစိပ်မကျဲ
မြစ်ဆိပ်
သင်္ဘောဆိပ်
အဆိပ်အတောက်
အရွက်စိပ်စိပ်
ဖျောက်ဆိပ်ကြယ်
မြွေဆိပ်
ရေချိုးဆိပ်
ရေဆိပ်
ရွှေတံဆိပ်ဆုရ

ဆိတ်ကွယ်ရာရှိ။ မျက်ကွယ်ရာရှိ။ စိတ်ကွယ်ရာမရှိ။

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Cleaning အမှိုက် နှင့် အိမ်ဦးခန်းပိုစတာ

Hi ကူးစက်ရောဂါအောက်မှာ ဥပေက္ခာရှေ့ထားမှ ဖြစ်မယ်ထင်တယ်ဆရာ တဲ့။ ဥပေက္ခာစကားလုံးက အဓိပ္ပါယ်လေးနက်တယ်။ လွယ်လွယ်လေးသာ ပြောပါရစေ။ ကျွန်တော်က ကိ...