ESL Books စာအုပ်လှူ

နက်ဖြန် ခရီးသွားစရာရှိပါတယ်။ မေးခွန်းတွေမေးထားရင် စောင့်ပေးကြပါ။ ဆောရီး။ ကင်တပ်ကီပြည်နယ်၊ အိုဝင်စဘိုရိုမြို့၊ ဘုန်းကြီးကျောင်းကိုပါ။ ပြည်တွင်းကကြွလာတဲ့ ဆရာတော်ကို နှုတ်ဆက်ဘို့ဖြစ်ပါတယ်။ အဲဒီမြို့ကို စက်တင်္ဘာဆန်းက တခေါက်ရောက်ပြီးပါပြီ။

ဆရာတော်နဲ့က အိန္ဒိယမှာကတည်းက ခင်မင်ရင်းနှီးတယ်။ စာဖတ်ပြီး စကားပြောဖက်။ ဆရာတော်ရဲ့ တရားပွဲတော့ မဟုတ်ပါ။ စာပေခေါင်းစဉ်တပ်ထားတယ်။ ဒီမြို့ကနေ ၉-၁ဝ ယောက်လောက်သွားဖြစ်ကြမယ်။

ကျွန်တော်ကတော့ ဆရာတော်ကို နှုတ်ဆက်ရင်းနဲ့ စာအုပ်ကပ်ချင်လို့ပါ။ ဆရာတော်က စာလည်းသင်ပေးနေလို့ ယူအက်စ်အေမှာ အင်္ဂလိပ်စာကို ဒုတိယဘာသာအဖြစ်သင်တဲ့ကျောင်းတွေမှာ အသုံးပြုတဲ့စာအုပ်လေးနှစ်အုပ်ကို ပြည်တွင်းကကျောင်းသားတွေအတွက် အသုံးပြုနိုင်အောင် လှူလိုက်ပါမယ်။ စာတတ်တွေဖြစ်ကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၂-၁-၂ဝ၁၇
ည (နံနက်) ၁၂ နာရီ၊ ၂၄ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး