စီး ဆီး ဆည်း စည်း

၁။ ဆရာ ကျွန်မအသက်က၂၈ပါ။ ကျွန်မအခုဖြစ်နေတာက စီးစပ်ခုံက အောင့်လိုက်ပျောက်လိုက်ဖြစ်နေပါတယ်။
၂။ ဆရာရှင့် ကျွန်မအသက် ၃၆ နှစ်ရှိပါပြီရှင်။ စီးစစ်တန်နှင့် စစ်တာ ကလေးမရှိဘူးပြနေတယ်။
၃။ ဆီးကပ်လား ဆည်းကပ်လားဆရာ။ မကွဲပြားလို့ပါရှင့်။
၎။ ကိုးကွယ်စည်းကပ်က အမှန်လား ကိုးကွယ်ဆီးကပ်က အမှန်လားဆရာ။
၅။ မန္တလေးမြို့ကပါဆရာ။ စီးသွားရင်လည်း တခါခါအဖြူရောင်တွေထွက်ပြီးမှ ပုံမှန်တိုင်းပြန်ဖြစ်သွားတယ်။

(ကန်တော့ပါ) သေး၊ ကျင်ငယ်ကို စီး လို့ မရေးရပါ။ ဆီး လို့သာရေးရတယ်။

စီး
စီးစီးပိုးပိုး မပြောအပ်။
စီးပွားရေးကောင်းပါစေ၊
တရားဘာဝနာ စီးဖြန်းပါ။
ဘတ်စကား စီးသွားပါ။
လှည်းတစီး၊ ကားတစီး၊
အပျက်အစီး များတယ်။
အသက်ကြီးပြီး အချိန်မစီးသူ မဖြစ်ပါစေနှင့်။

ဆီး
ကိုယ်ဝန်ရှိတာသိချင်ပါက ဆီးစစ်ပါ။
ဆီးခုံက နာတယ်။
ဆီးချုပ်နေပါသလား။
ဆီးချိုရောဂါ စစ်ထားပါ။
ဆီးချူပေးမယ်။
ဆီးစပ်မှာ အလုံးရှိနေတယ်။
ဆီးတန့်ထားလို့ ဆက်သွားမရပါ။
ဆီးဖြူသီးစားမလား။
ဆီးဝမ်းလေ မှန်ပါသလား။
ဆီးသီးကောင်းကောင်းစားချင်တယ်။
ဆီးနှင်းတွေ ကျနေတယ်။
တားဆီးပိတ်ပင်ထားသည်။
လူဆိုးကို ဖမ်းဆီးပါ။
ဧည့်သည်ကို ဆီးကြိုပါ။

ဆည်း
ဆည်းကပ်သည်။
ဆည်းလည်းသံ သာယာသည်။
ပညာဆည်းပူးပါ။
နေဝင်ဆည်းဆာ (ဆည်းဈာ ယခင်အသုံး) လှပသည်။
ရှေးဟောင်းအမွေအနှစ်များ သိမ်းဆည်းထားသည်။

စည်း
စည်းကမ်းရှိပါ။
စည်းမျဉ်းထားပါ။
စည်းစောင့်ရမယ်။
ထင်းတစည်း ဘယ်လောက်လဲ။
ကြက်တောင်စည်းနဲ့ ကလေးမ လှမှလှ။
ကြိုးနှင့် စည်းထားပါ။
ဘဝဆက်တိုင်း ဆုံစည်းချင်တယ်။
အခွန်စည်းကြပ်မည်။
အစည်းအဝေး စတော့မယ်။
ဥစ္စာပစ္စည်း ကုံလုံသည်။
ရွှေစည်းခုံစေတီတော်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး