The Guests သပြေပင်နား လက်ဖက်စားခြင်း

မနှစ်က ဒီနေ့မှာ ကိုတရုပ်ကြီး (ခေါ်) ကိုမြင့်တိုးနဲ့ မစူးတို့အိမ်မှာ ဧည့်သည်လုပ်၊ လက်ဖက်သုပ်စားခဲ့ပါတယ်။ အဲတာက ကရင်နဲ့ မွန်အိမ်က ကလေးမွေးနေ့မှာ ထမင်းစားခဲ့ပြီးအပြန်မှာပါ။

အိမ်မပြန်ခင် မွန်စတိုးဆိုင်မှာ ဈေးဝင်ဝယ်ပါတယ်။ ဆိုင်ရှင် မွန်အမျိုးသားက စိတ်ဝင်စားလို့ နိုင်ငံရေးအခြေအနေ မေးတယ်။ သူက မြန်မာပြည်မှာ NLD အစိုးရတက်မှာမို့ တိုင်းပြည်အတွက် အားတက်စရာလို့ ဆိုပါတယ်။

ကိုတရုပ်ကြီးလို့ခေါ်ပေမယ့် သူကဗမာ။ အခေါ်အဝေါ်တွေကို နိုင်ငံရေးလုပ်တဲ့ခေတ်မှာ ဘယ်သူဘယ်ဝါနောက်မှာ ဘာလို့ ဆက်နေရသေးတာ။ ကျွန်တော်တို့ခေတ်တုန်ကတော့ ပညာဘွဲ့ကိုသာ ထည့်တယ်။ အဲတာလည်း အမြီးတိုတယ် ရှည်တယ် ခေါ်ကြတယ်။ ခုခေတ်မှာက အမြီးကုပ်သလား ထောင်သလား။

ဒေါက်တာတင့်ဆွေ
၃၁-၁-၂ဝ၁၆
၃၁-၁-၂ဝ၁၇
Photo by Nay Mya Mya Swe

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး