Subjects စာသုံးလေးမျိုး

စာတွေရေးပါတယ်။ သုံးလေးမျိုး။ ဆေးပညာစာတွေကိုတော့ ဆေးမှူးတွေ၊ ဆရာမတွေကို သည်အတိုင်းသာ လိုက်နာပါလို့ တိတိကျကျပြောပါတယ်။

နိုင်ငံရေးလည်း ရေးတယ်။ ကျွန်တော်ရပ်တည်သလို ထပ်တူလိုက်ပါဘို့ တခါမှထည့်မရေးပါ။ မျှော်လင့်လည်း မထားပါ။ မဲဆွယ်ကာလတခုမှာသာ ကျွန်တော်ဖြစ်စေချင်တာကို ရေးပါတယ်။

မြန်မာစာရေးတာမှာ သတ်ပုံတွေ အရင်ကတော့ ဘယ်လိုရေးသုံးခဲ့ကြတယ်။ ခေတ်အရ လွယ်ကူရှင်းလင်းတာကို ပြောင်းတာမျိုးနဲ့ အမိန့်အာဏာနဲ့ အတင်းအဓမ္မပြောင်းခိုင်းတာကို ခွဲခြားပြပါတယ်။ ကျွန်တော်က ဆုံးဖြတ်ချက်မပေးပါ။

သုတနဲ့ သမိုင်းလည်း နည်းနည်းပါးပါးရေးတယ်။ အကိုးအကားထည့် ရေးတာပါ။ ကျွန်တော်ကိုယ်ပိုင်သိတာ တခုမှမရှိပါ။ ကျွန်တော့်စာကို သဘောမတူသူတွေရှိမှာကို ကြိုတွက်ပြီးသားပါ။ ဒေါသပါတဲ့ အစွဲနဲ့ရေးလာရင်တော့ ဘလော့ပါတယ်။ ပညာနဲ့ငြင်းလာရင် ကျွန်တော်ပါ ပညာတိုးတယ်။

တချို့က စဉ်းစားဆင်ခြင်မှုနဲ့ လုပ်ကိုင်လေ့ရှိတယ်။ တချို့က အထက်ကပြောတာကိုသာ ပြားပြားဝပ်လိုက်နာတယ်။ တချို့ကလည်း ကိုယ်ထင်ရာကိုယ်။

ဒေါက်တာတင့်ဆွေ
၂၅-၁-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ