Taj Mahal တာ့ခ်ျမဟာ

မြန်မာပြည်မှာ ရာဇဓါတုကလျာအတွက် မေတ္တာဘွဲ့ကို နတ်သျှင်နောင်က ရေးခဲ့တယ်။ အိန္ဒိယမှာ မေတ္တာကို ဗိသုကာလက်ရာနဲ့ ရှားဂျဟန်က အမွှမ်းတင်ခဲ့တယ်။

တာ့ခ်ျမဟာဆိုတာ အိန္ဒိယတိုက်ငယ်ကိုအုပ်စိုးသွားတဲ့ ပါရှားနဲ့ အာရတ်မင်းဆက်ရဲ့ အထင်ရှားဆုံး ရှေးဟောင်း ဗိသုကာ လက်ရာတခုဖြစ်တယ်။ အိန္ဒိယနိုင်ငံ၊ ယူပီပြည်နယ်ထဲက အာဂရာမှာ တည်ရှိပါတယ်။ မူဂေါလ် အင်ပါယာ ဘုရင်ကြီး ရှားဂျဟန် ကနေ သူ့ရဲ့ကွယ်လွန်သူ မိဖုရား မွန်မ်တာ့ဇ် မဟာအတွက် အထိမ်းအမှတ်အနေနဲ့ တည်ဆောက်ပေးခဲ့တာ ဖြစ်ပါတယ်။ မွတ်ဆလင် အနုပညာရဲ့ရတနာလို့ တင်စားကြပါတယ်။ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင်လည်း ဖြစ်ပါတယ်။ အစ္စလမ်၊ ပါရှန်၊ တူရကီ အော်တိုမန် နဲ့ အိန္ဒိယဗိသုကာလက်ရာတွေ ပေါင်းစပ်ထားတာ ဖြစ်တယ်။ ၁၆၃၂ ခုနှစ်မှာစတည်ပြီး ၁၆၅၃ မှာ ပြီးစီးခဲ့တယ်။

• ချစ်မေတ္တာလို့လည်း သရုပ်ဖေါ်တယ်။
• အသည်းကွဲတာလို့လည်း တင်စားကြတယ်။
• အနုပညာဗိသုကာလက်ရာလို့လည်း ချီးမွမ်းကြတယ်။
• တန်ခိုးအာဏာရဲ့သက်သေလို့လည်း ထောက်ပြကြတယ်။
• သက်ဦးဆံပိုင်စနစ်ရဲ့ ပြယုဂ်လို့လည်း ကဲ့ရဲ့ကြတယ်။
• ကမ္ဘာလှည့်ခရီးသွား စီးပွါးရေးလည်းဖြစ်တယ်။

သူတို့ဆီမှာ နောက်အစိုးရတွေက တာ့ခ်ျမဟာကို ထုံးသုတ်တာ၊ ရွှေချတာမလုပ်ကြပါ။ မြန်မာပြည်မှာတော့ အာဏာပိုင်တွေက ရှေးမြန်မာပညာရှင်တွေရဲ့ သတ်ပုံကိုပါ ထုံးသုတ်တယ်။ အနန္တသူရိယအမတ်ရေးခဲတဲ့ အမျက်ဖြေလင်္ကာပါ တ စာလုံးတွေကို တစ်တွေလုပ်မှ စစ်အစိုးရက ထုတ်ဝေခွင့်ပေးတယ်။ အခုထိပါ အဲတာက အမှန်လို့ ထင်နေကြတယ်။ အဲလိုကမှန်တယ်လို့ပြောတဲ့ဆရာတွေက ကုလားထိုင်နေရာရနေကြတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၁-၂ဝ၁၅
၂၃-၁-၂ဝ၁၆
၂၃-၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး