Hero သူရဲကောင်း ဘုတ် မတောင်းပါ

• ဦးဝင်းတင် ကွယ်လွန်တဲ့သတင်းထွက်လာပြီး၊ ၂၄ နာရီအတွင်းမှာ သည်စာလေးရေးဘို့ ဖြစ်လာတယ်။

• ဖေ့စ်ဘွတ်သုံးနေသူ အရေအတွက် ပြည်တွင်းမှာ ၈ သိန်းလောက်ရှိမယ်လို့ တလောကကြားမိတယ်။ အကောင့် တခုမှာ ဖရင်း ၅ဝဝဝ အထိရှိနိုင်တယ်။ စာမျက်နှာလုပ်ထားရင်တော့ အကန့်အသတ်ရှိပုံမရဘူး။
• ဖေ့စ်ဘွတ်ဆိုတာ ဆင်တူတွေသာစုဝေးရာလို့ ဆန်းစစ်မှုတခုက ဆိုပါတယ်။ အဆင်မပြေသူတွေကို အမ်ဖရင်း လုပ်ပြစ်တာ၊ ဘလော့ခ် လုပ်တာကြောင့် ကိုယ်နဲ့ ပလဲပနံသင့်သူတွေသာ ကျန်ရစ်နေတဲ့သဘောဖြစ်တယ်။

• ဖေ့စ်ဘွတ်ကို အထက်ကအောက် လျှောက်ဖတ်လိုက်ရင် တူပါတယ်ဆိုသူအထဲမှာ စုံးပြူးခေါ်ရမလား၊ မျက်လုံးပြူးစရာ တခါတခါတွေ့ပါတယ်။
• နိုင်ငံရေးနဲ့ ဖါသိဖါသာနေသူတွေကနေ သူတို့ဝတ်တာစားတာ၊ သွာတာလာတာတွေ တင်နေကြတာကို ထောက်ပြစရာလို့ သဘောမထားပါ။
• နိုင်ငံရေးထဲကဆိုရမဲ့သူတွေကြားမှာ အငြင်းပွားနေကြတာလေးတခု သိပြုမိပါတယ်။ ကွယ်လွန်သူကို ဘယ်အတိုင်းအတာအထိ တန်ဘိုးထားသလဲ ဆိုတာမှာပါ။
• သူရဲကောင်းဆိုတာကို လက်မခံသူတွေ တွေ့ပါတယ်။ လက်ခံကြပါဗျာလို့ မတိုက်တွန်းပါ။ သူရဲကောင်းဆိုတာ အဖွဲ့အစည်းတခုကနေပေးတဲ့ ဘွဲ့တံဆိပ်မဟုတ်ပါ။ သဘောထားမတူကြတာအတွက် စောဓကတက်စရာမရှိပါ။ အာဇာနည်ဆိုတာလဲ အတူတူပါဘဲ။

• ကမ္ဘာ့အထင်ကရ နိုဗယ်ဆုကိုတောင်မှ ဝေဖန်ကြသေးတာဘဲ။ သူရဘွဲ့ စတာတွေကို အစိုးရလုပ်သူတွေက ပေးတာမို့ အစိုးရရဲ့ အကဲဖြတ်ချက်သာဖြစ်တယ်လို့သာ သဘောထားလိုက်ရင် မတန်ဘူး၊ တန်တယ်ပြောဘို့ရာ အကြောင်းမရှိပါ။ ဘာသာရေးနဲ့ လူမှုရေးဘွဲ့တံဆိပ်တွေကို ဖေါခြင်းသောခြင်းပေးတဲ့ကာလတခုရှိခဲ့တာအသိပါ။ အဲတာကိုလဲ သူ့တန်ဘိုးနဲ့သူလို့ ပယျာလကန်ထားလို့ရပါတယ်။
• လူတဦးကို သူရဲကောင်းဆိုပြီး ချီးမြှောက်တာဟာလဲ ချီးမြှောက်သူတွေရဲ့ အကဲဖြတ်ချက်သာဖြစ်တယ်။ သူများတွေကိုပါ လိုက်စည်းရုံးနေတာမဟုတ်ရင် ဘာအတွက် အမြင်ကပ်နေကြသလဲ မေးနေမိတယ်။

• ဦးဝင်းတင်ကို သူရဲကောင်းဘွဲ့ပေးဘို့ မယ်ကမ္ဘာရွေးသလို အွန်လိုင်းကနေ ဘုတ်တောင်းနေတာလဲမဟုတ်။

ဒေါက်တာတင့်ဆွေ
၂၂-၄-၂ဝ၁၄
နံနက် ၁ နာရီ၊ ၂၅ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး