Myanmar hires lobbyists ahead of key elections

ရွေးကောက်ပွဲမတိုင်မီမှာ မြန်မာအစိုးရက (လော်ဘီ) ငှားလိုက်ပြီ

မြန်မာအစိုးရကနေ ဝါရှင်တန်အခြေစိုက် Podesta Group (ပိုဒက်ဟတာ) အုပ်စုကို ဒေါ်လာ ၈၄ဝဝဝဝ ပေးပြီး ငှားလိုက်တဲ့သတင်းကို ကနေ့ ၁၆-၄-၂ဝ၁၅ နေ့သတင်းမှာဖေါ်ပြလိုက်ပါတယ်။ အဲတာဟာ လာမယ့် ရွေးကောက်ပွဲ မတိုင်မီမှာ အမေရိကန်အစိုးရကိုဆွဲဆောင်ဘို့ဖြစ်တယ်။ စစ်အစိုးရလက်ထက်ကတည်းကလည်း အဲလိုပဲ အခကြေးငွေ ပေးပြီး (လော်ဘီ) လုပ်ခိုင်းခဲ့ဘူးပါသေးတယ်။

၁၉၉၉ ကနေ ၂ဝ၁၂ အထိ ရန်ကုန် အမေရိကန်သံရုံးမှာ တာဝန်ခံသံအရာရှိ Priscilla Clapp (မစ် ပရက်စီလာကလပ်) ရဲ့ ဝေဖန်ချက်ကတော့ တိုင်းပြည်ထဲမှာ အပြောင်းအလဲတွေဟာ အလွန်ကျယ်ပါတယ်။ နက်လည်းနက်တယ်။ ရည်ရွယ်မထားတဲ့ နောက်ဆက်တွဲတွေလည်း အများကြီးဖြစ်နေတယ်။ သူတာဝန်ယူချိန်တွေဟာ စစ်အစိုးရကနေ နက်နက် ရှိုင်းရှင်း ဆိုးဆိုးဝါးဝါး အုပ်ချုပ်နေခဲ့တဲ့ကာလတွေ ဖြစ်တယ်။ ကျမထင်တာတော့ သံရုံးကနေ သူတို့ကိုယ်စား လူလေးစားသူတွေကနေ နိုင်ငံရေးအမြင်တွေရစေဘို့လို့ ထင်ပါတယ်။ သံရုံးမှာ အဲလို လုပ်ဆောင်နိုင်တဲ့ ကျွမ်းကျင်မှုတွေ မရှိကြဘူး။ သူတို့ကို အမေရိကန်လူ့အသိုင်းအဝိုင်းက နားလည်စေချင်လို့ ဖြစ်မှာပါ။

(ပရက်စီလာကလပ်) ဟာ  အခု United States Institute for Peace နဲ့ Asia Society တွေမှာ အကြီးတန်းအကြံပေး လုပ်နေပါတယ်။ Podesta Group အုပ်စုကတော့ မှတ်ချက်ပေးဘို့ငြင်းဆိုထားပါတယ်။

(လော်ဘီ) လုပ်တဲ့အဖွဲ့တွေဟာ Department of Justice under the Foreign Agents Registration Act (FARA) မှာမှတ်ပုံတင်ထားရပါတယ်။ မနှစ်က ဒီအုပ်စုကနေ အခွန်ငွေ ၄့၂ သန်းဆောင်ခဲ့ရပါတယ်။ ဝင်ငွေက ၂၅့၁ သန်းရှိလို့ တတိယနေရာလိုက်ပါတယ်။

မြန်မာအစိုးရနဲ့ ၁၂ လတွက်စာချုပ်ချုပ်ထားပါတယ်။ ၃ လတခါ ဒေါ်လာ ၂၁ဝဝဝဝ ပေးရပါမယ်။ စာရွက်စာတမ်း အလိုအရ ဒီအဖွဲ့ကနေ အမေရိန်ကန်အစိုးရနဲ့ အဖွဲ့အစည်းတွေနဲ့ဆိုင်တဲ့ မဟာဗျူဟာ အကြံပေးမှုတွေ လုပ်ပါလိမ့်မယ်။ ယူအက်စ်လူထု၊ ကွန်ဂရက်စ်၊ မီဒီယာ၊ ပေါ်လစီအသိုင်းအဝိုင်းတွေနဲ့ နှစ်နိုင်ငံ ဆက်သွယ်ရေးတွေမှာလည်း ကူညီပါမယ်။
မြန်မာအစိုးရဟာ K Street (ကေ လမ်း) မှာရှိတဲ့ အဲလို (လော်ဘီ) အပ်စုမျိုးနဲ့ ၂ဝဝ၃ ကတည်းက ဆက်သွယ်မှု လုပ်နေတာပါ။ အဲဒီတုံးက (နဝတ) စစ်အစိုးရလက်ထက်ဖြစ်ပါတယ်။ DCI Associates ကိုငှားခဲ့ပါတယ်။ ဒီအဖွဲ့က အခုတော့ DCI Group လို့ပြောင်းထားပါတယ်။

အရင်က National Coalition Government of the Union of Burma (NCGUB) အမျိုးသားညွန့်ပေါင်းအစိုးရခေါ်တဲ့ စင်ပြိုင်အစိုးရကလည်း အဲလိုလုပ်ခဲ့ပါသေးတယ်။

မကြာသေးခင်ကနှစ်တွေအတွင်း ဝါရှင်တန်ဟာ မြန်မာနဲ့ပတ်သက်ရင် နှေးကွေးပြီးသတိထားတဲ့ချဉ်းကပ်မှုလုပ်နေပါတယ်။
အိုဘားမားက မြန်မာပြည်ကို ၂ ကြိမ်သွားပြီးပါပြီး (ဆန်ရှင်) ခေါ် ဒဏ်ခတ်အရေးယူမှုတချိုကိုလျှော့ချပေးပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတိုးတက်စေဘို့ ဖြစ်ပါတယ်။ ယူအက်စ် ကွန်ဂရက်ကတော သိပ်အကောင်းမမြင်ပါ။ စစ်တပ်နဲ့ ဖက်တော်သားတွေကပဲ လွှတ်တော်နေရာအများစုကို ရယူထားဆဲဖြစ်တယ်။ အကြမ်းဖက်မှုနဲ့ မီဒီယာနဲ့ နိုင်ငံရေး အကျဉ်းသားတွေ ဖမ်းဆီးမှုသတင်းတွေလည်း ရှိတယ်။

(ကလက်) ပြောတက ပြီးခဲ့တဲ့၂ နှစ်တုံးက ဘယ်သူကမှ မြန်မြန်နဲ့ မျှမျှတတဖြစ်မယ်ဆိုတာ မျှော်လင့်မထားကြဘူး။ ဒါကြောင့် လာမယ့် ၂ နှစ်အတွက် မျှော်လင့်မှုကြီးမားစေတာကို ဖြစ်လာစေပါတယ်။ သိပ်မြန်ရင်လဲ နှာခေါင်းနဲ့ နံရံ တိုက်မိသလိုမျိုး အခုဖြစ်နေတာပါတဲ့။

ကျွန်တော့်မှတ်ချက်။
- စစ်အစိုးရကလည်း အမေရိကန်ပေါ်လစီအတွက် (လော်ဘီ) ကိုငွေပေးငှားခဲ့တယ်။ အခုအစိုးရလည်း (လော်ဘီ) ကို ငွေပေးငှားတယ်။ (နဝတ) ဘာမှမရခဲ့ပါ။
- (ဆန်ရှင်) တွေ အတော်များများရုပ်သိမ်းသွားတာက ဒေါ်စု အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ရာကနေ စပါတယ်။ အရင် (လော်ဘီ) အုပ်စုက အဲလို အကြံမပေးခဲ့ပါ။
- အခုအစိုးရက အမေရိကန်ဆီကနေ ဘာလိုချင်သလည်း။ သူတို့အာဏာဆက်ယူမှာကို ဆက်ထောက်ခံဘို့သာ ဖြစ်နိုင်တယ်။

ဒေါက်တာတင့်ဆွေ
၁၆-၄-၂ဝ၁၅
http://thehill.com/business-a-lobbying/lobbying-contracts/239170-myanmar-hires-lobbyists-ahead-of-crucial-elections

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး