Vimax ယောက်ျားအားတိုးဆေး
Vimax ဆိုတဲ့ အမျိုးသားအားတိုးဆေးက တရားဝင်ဆေးလား၊ ကြော်ညာဆေးလား ဆိုတာဖြေပေးပါဦးဆရာ။
Vimax ဆိုတဲ့ ကျားလိင်အင်္ဂါအတွက် (အွန်လိုင်း) ဆေးကြော်ညာကိုဖတ်ရင် အားလုံးကောင်းပါသည်ခင်ဗျားသာ တွေ့ရပါမယ်။ ၃ လအတွင်း ၃-၄ လက္မပိုရှည်မယ်။ ပိုပြီးသန်မာတောင့်တင်းမယ်။ လိင်ဆန္ဒပိုကဲမယ်။ သုက်လွှတ်စောတာ ပျောက်ကင်းမယ်။ ပြီးတာကလဲပိုကဲမယ်။ အဖေါ်ကို ကောင်းကောင်းဆွဲဆောင်မယ်။
ဒါပေမယ့် အမေရိကန် American Urological Association က ပြောခွင့်ရှိသူ Dr. Ira Sharlip (ဒေါက်တာ အိုင်ရာ ရှာလစ်) ပြောတာကတော့ လိင်အင်္ဂါသန်မာဆေးဆိုတာမျိုး တကယ်မရှိပါ။ အမြတ်အစွန်းအတွက် ရောင်းနေကြာတာပါ။ သိပ္ပံနည်းကျ သက်သေပြနိုင်တာ မရှိပါ။ ဒီဆေးဈေးကွက်ထဲရောက်လာတာကနေတာ ၂ဝဝ၁ ကတည်းကပါ။ (ဝက်ဘ်ဆိုက်) ပိုင်ရှင်က ရောင်းရတဲ့ငွေအထဲက ကော်မရှင် ၅ဝ% ရတယ်။
ဆိုင်မှာတင်ရောင်းရင်တော့ တရားဝင်လို့ ယေဘုယျပြောနိုင်ပါတယ်။ ဆေးဆိုရင် FDA ဆေးဝါးနှင့် အစားအသောက် အာဏာပိုင်အဖွဲ့က ခွင့်ပြု-မပြု မပြောနိုင်ပါ။ အာဟာရဖြည့်တင်းဆေးဆိုပြီး ရောင်းကုန်ကိုနံမယ်တပ်ထားရင် FDA ကို ဖြတ်စရာမလိုပါ။ (အွန်လိုင်း) ဆေးကြော်ငြာ အများစုက FDA ကအသိအမှတ်ပြုမထားပါ။ အဲလိုရောင်းတာတွေ အမေရိကားအပါအဝင် နိုင်ငံတိုင်းမှာရှိပါတယ်။ ထိရောက်မှုနဲ့ ဘေးထွက်ဆိုးကျိုး သုတေသန မစုံပါ။ ကြော်ငြာမှာ နာမည်အစုံနဲ့ ထောက်ခံချက်တွေပါတတ်တယ်။ ဆေးသုံးလို့ တခုခုမှားရင်သာ တရားစွဲတာ၊ လျော်ကြေးတောင်းတာ ဖြစ်နိုင်တယ်။ အဲလိုတွေ မဖြစ်သေးရင်တော့ ဆိုင်တွေမှာ ရောင်းမယ်။
ဆရာခင်ဗျာ၊ ဘယ်ဆေးဟာ အမျိုးသားတွေအတွက် ကောင်းမွန်သင့်လျော်ကြောင်း ကျေးဇူးပြုပြီး ညွှန်းဆိုအကြံပြုပေးပါ။
ဘယ်အသက်အရွယ်ယောက်ျားက ဘာဖြစ်နေလို့ ဘာအတွက်ဆေးလိုတာ မသိပါ။
ယောက်ျားတွေမှာ လိင်ပိုင်းဆိုင်ရာအားနည်းချက် (၄) မျိုးအနည်းဆုံးရှိတယ်။ PE သုက်လွှတ်စောတာ၊ Size ရှည်ချင် ကြီးချင်တာ၊ ED ပန်းသေပန်းညှိုးတာနဲ့ Low libido လိင်စိတ်နည်းတာ။ ဖြစ်စေတဲ့အကြောင်းခံတွေက မတူကြပါ။ ဆေးနည်းတွေလည်း မတူကြပါ။ ကြော်ငြာထဲမှာ အဲတာတွေအားလုံး ကောင်းစေမယ်လို့ ရေးတတ်တာကို သတိပြုပါ။ တချို့က ဆေးမလိုကြပါ။ အရပ်ဆေး၊ လမ်းပေါ်ကဆေး၊ ကြော်ငြာဆေးတွေနဲ့ မှားသွားလို့ မေးလာတဲ့သူအရေအတွက် များပါတယ်။ လူဖြစ်ရှုံးသွားသူတွေလည်း မနည်းပါ။ ဆရာဝန်လည်း ဆောရီးထက်မတတ်နိုင်တာအထိ ရှိတယ်။
Dr. တင့်ဆွေ
၁၇-၄-၂ဝ၁၅

Comments
Post a Comment