Human Cloning လူသား (ကလုန်း)

Human cloning လူတွေကို လူတူဖြစ်လာစေအောင် အတုပြုလုပ်ခြင်းဟာ အင်မတန်ရှုတ်ထွေးတဲ့ ဆေးသိပ္ပံပညာရပ်သစ် ဖြစ်ပါတယ်။ Dolly the sheep သိုးမလေးဒေါ်လီကို ၁၉၉၉၆ ဇူလိုင်လ ၅ ရက်နေ့မှာ စကော့တလန်၊ အီဒင်ဘာရာမှာ (ကလုန်း) နည်းပညာနဲ့ အောင်အောင်မြင်မြင်မွေးထုတ်ပေးကတည်းက ဒီ နည်းသသစ်ဟာ လူတွေစိတ်ဝင်စားလာခဲ့တယ်။

သူများတိုင်းပြည်တွေမှာ တရားဥပဒေအရခွင့်ပြုသင့်သလားဆိုတာကို အပြန်အလှန်ငြင်းချက်တွေထုတ်နေဆဲပါ။ အဖြေရခက်လှတဲ့ မေးခွန်းတခုဖြစ်ပါတယ်။ ဘာသာရေးအယူအဆ၊ လူမှုရေးရှုဒေါင့်တွေကနေ သန်ရာသန်ရာ တမျိုးစီ မြင်ကြပါတယ်။

ဆေးသိပ္ပံပညာရှင်တွေကတော့ လူတွေကိုအဲလိုလုပ်ပေးတာမျိုး လက်တွေဖြစ်လာချင်ကြတယ်။ ကျန်တဲ့လူတွေက ဒီလိုလုပ်တာဟာ လူ့ကျင့်ဝတ်နဲ့ညီရဲ့လား၊ လူ့သိက္ခာနဲ့ညီရဲ့လား၊ ဘာသာရေးနဲ့ညီရဲ့လားဆိုတာတွေကိုစဉ်းစားကြတယ်။ ဆက်ပြီး တရားဥပဒေကိုဘယ်လိုပြဌာန်းမလဲဆက်လာတယ်။ ခေတ်ရှေ့ရောက်နေတဲ့ အမေရကန်လူထု ၇ဝ%ကတော့ လူကို ဒီနည်းလုပ်တာကို သဘောမတူကြပါဘူး။

(ကလုန်း) နည်းဆိုတာရဲ့ အခြေခံ
တန်းပြီးသဘောပေါက်အောင်ပြောရရင် ခွတ်စွပ်တူ အမွှာကလေးတစုံကို လိုချင်တဲ့အချိန်မှာ မွေးအောင်လုပ်ပေးတာ ဖြစ်ပါတယ်။ မူရင်းမျိုးဗီဇ DNA ထပ်တူကိုသုံးတယ်။ မိန်းမတဦးရဲ့ သားအိမ်ထဲမှာထည့်ပေးရာကနေ မွေးလာရင် ပုံမှန်ကလေးမွေးလာသလိုဘဲ အတူတူဖြစ်ပါတယ်။ မွေးလာတဲ့ကလေးဟာ ကိုယ်ပိုင်မှတ်ဥာဏ်နဲ့ စိတ်ကူး စိတ်သန်းတွေဟာ သူ့ကိုယ်ပိုင်သာ ဖြစ်ပါမယ်။

နည်းနာ ၂ ခုရှိပါတယ်။
နည်း (၁)
• Embryo splitting ဆိုတာလုပ်ရတယ်။
• Embryo ဆိုတာ Fetus မဖြစ်ခင်အဆင့်ဖြစ်တယ်။
• တခုတည်းရှိတဲ့ Embryo ကိုနှစ်ခုခွဲယူတယ်။ သဘာဝအတိုင်းအမွှာဖြစ်လာသလိုပါဘဲ။
• Embryo splitting နည်းနဲ့လုပ်တာကနေ (ကလုန်း) နည်းနည်းသာရနိုင်လို့ သိပ်ခေတ်မစားလှပါ။

နည်း (၂)
• Somatic nuclear replacement ခေါ်တယ်။ လူတသီးကို ဆင်တူတွေ အရေအတွက် အကန့်အသတ်မရှိ လုပ်ယူလို့ရတယ်။
• Dolly the sheep ကိုဒီနည်းနဲ့လုပ်ခဲ့တာဖြစ်တယ်။
• မူလ DNA ကို မျိုးဥဆီယူလာရတာဖြစ်တယ်။

ဒီဒုတိယနည်းထဲမှာ အဆင့် (၅) ဆင့်ရှိတယ်။
အဆင့် (၁) (ဆဲလ်) ၂ ခုလိုတယ်။ (ကလုန်း) လုပ်ယူမဲ့သုရဲ့ကိုက DNA ပါနေတဲ့ (ဆဲလ်) ၁ ခု Somatic cell အမျိုးအစားလို့ခေါ်တယ်။ နောက် ဆဲလ်တခုကတော့ Unfertilized egg မျိုးစပ်မထားရသေးတဲ့ မျိုးဥဖြစ်တယ်။ သူ့ထဲကNucleus ကိုဖယ်ထုတ်လိုက်တော့ သု့ကိုယ်ပိုင် DNA မပါတော့ဘူး။
အဆင့် (၂) Somatic cell အတွက် အာဟာရမရသေးပါ။ မတိုးနိုင်မဆုပ်သာအခြေအနေလို့ခေါ်တယ်။ နူးကလိယပ်စ်မပတဲ့ ဆဲလ်နဲ့တူတယ်။
အဆင့် (၃) ဆဲလ် ၂ ခုကို လျှပ်စစ်နဲ့ ပေါင်းစပ်ပေးလိုက်တယ်။ လျှပ်စီးကြောင်းကြောင့် ဆဲလ်ဟာ ဖွံ့ထွားလာဘို့ဖြစ်လာတော့တယ်။
အဆင့် (၄) အဲဒီဆဲလ်ကို Oviduct ထဲမှာထည့်ပေးလိုက်တော့ ဆဲလ်တွေပွါးများလာနိုင်တယ်။ ဒီအဆင့်ဟာ ဥအဆင့်ကနေ Embryo သန္ဓေအဆင့်ဖြစ်လာပြီ။
အဆင့် (၅) ကြီးလာနေပြီဖြစ်တဲ့ သန္ဓေကို Surrogate mother မိခင်လုပ်မဲ့အမျိုးသမီးရဲ့ သားအိမ်ထဲကိုထည့်ပေးတယ်။

ငြင်းချက်တွေထုတ်ပေမဲ့ ဆေးပညာအရအဲလိုလုပ်နိုင်တာဟာ ဘုရားသခင်အလုပ်မျိုး လုပ်နိုင်လာသလိုဘဲလို့ တဖက်က ဆိုပါတယ်။ လူ့နှလုံးအစားထိုးနိုင်ကာစလဲ အဲလိုထောက်ပြချက်မျိုးရှိတယ်။ In vitro fertilization နည်းနဲ့ ကလေးရအောင် လုပ်ပေးနိုင်ကာစကလဲ အလားတူဘဲ။

Therapeutic cloning ဆေးကုသမှုအတွက် ကလုန်းလုပ်ခြင်းအောင်မြင်တဲ့အတွက် ဝေဒနာသည်တွေ အများကြီးကို အကျိုးရစေပြီး၊ အသက်ရှင်သန်ခွင့်ပြန်ရစရာရှိပါတယ်။ အဓိကကတော့ Stem cells သုတေသနလုပ်ခြင်း ဖြစ်လာစေတယ်။ Stem cells တွေဆိုတာ သတ်သတ်မှတ်မှတ်ရှိတဲ့ ဆဲလ်အမျိုးအစားမဟုတ်ဘူး။ ဒါပေမဲ့ လိုချင်တဲ့ အရည်အသွေးမျိုး ရှိတာကို ပွါးလာပေးနိုင်တယ်။ ဥပမာ သွေးသစ်တွေထုတ်ပေးနိုင်တယ်။

တနေ့မှာ ကိုယ်အင်္ဂါအစိတ်အပိုင်းတခု ပွါးပေးနိုင်တာမျိုးအထိ ဖြစ်လာနိုင်စရာရှိတယ်။ နှလုံးအတက်ရလို့ သေသွားတဲ့ နှလုံးကြွက်သားဆဲလ်တွေအ သစ်မွေးယူနိုင်စရာရှိတယ်။ ကိုယ်အင်္ဂါအစိတ်အပိုင်းလှူမဲ့သူကို နှစ်နဲ့ချီပြီး တန်းစီ စောင့်နေရသူတွေအတွက်ရမယ်။ လေဖြတ်လို့ မလှုပ်နိုင်သူတွေအတွက် ခါးရိုးမကြီးထဲက အာရုံကြောဆဲလ်တွေ မွေးယူပေးနိုင်မယ်။ ခြေလက်ဖြတ်ထားရသူအတွက် ခြေသစ်လက်သစ်လုပ်ယူပေးနိုင်မယ်။

• Clone (ကလုန်း) ဆိုတာ ချွတ်စွပ်တူ အမွှာလိုမဖြစ်လာစေပါ။ DNA က လှူတဲ့သူဆီကနေ မယူပါ။
• လူဆိုတာ မျိုးဗီဇတခုတည်းကနေ သူ့ရဲ့ စိတ်နေသဘော၊ တွေးခေါ်မြော်မြင်မှုတွေကို သက်ရောက်စေတာ မဟုတ်ပါ။ သူသင်ယူမှု၊ ယုံကြည်ကိုးကွယ်မှု၊ ပတ်ဝန်းကျင်၊ အတွေ့အကြုံတွေကနေပါ သက်ရောက်ပါတယ်။
• Clone တယောက်မှာ ဇီဝမိခင်နဲ့ ဇီဝဖခင်ရယ်လို့ မရှိပါ။
• Asexual reproduction လိင်မဲ့မျိုးပွါးမှုကနေ ပေါက်ဖွါးလာတာသာဖြစ်တယ်။
• ဘယ်သူဘယ်ဝါရဲ့ သား-သမီး၊ မောင်-နှမရယ်လို့ ပြောမရပါ။
• DNA donor လှူသူရဲ့ (ကလုန်း) တယောက်လို့သာ ပြောနိုင်ပါတယ်။
• (ကလုန်း) စလုပ်ပေးစဉ်က အရွယ်ရောက်တဦးရဲ့ (ဆဲလ်) ကနေယူတာဖြစ်ပေမဲ့ မျိုးပွါးဖြစ်စဉ်ကို ပုံမှန်လူတွေစသလို အငယ်ဆုံးကနေ စရတာဘဲဖြစ်တယ်။
• နိုင်ငံအတော်များများမှာ လူသား( ကလုန်း) ကို ဥပဒေနဲ့တားထားတယ်။ ဗြိတိန်မှာ ဆေးကုသမှု ရည်ရွယ်ချက်အတွက် ခွင့်ပြုထားတယ်။
• ပညာရှင်တွေက မျှော်လင့်ချက်နဲ့ အလားအလာတွေကိုပြောထားပေမဲ့ လူသား (ကလုန်း) အောင်မြင်မှု ခုထိ မရှိသေးပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး