Jacket ဆောင်းထည်
• ကိုယ့်ပုံကို ဖေ့စ်ဘွတ်မှာတင်ရတာ သိပ်တော့မကောင်းဘူး။ သိတော့သိတယ် ဒါပေမယ့် တင်ဖြစ်နေတုံးပဲ။
• ကနေ့ပဲ တယောက်က (ကဲရဲ့တာတော့ မဟုတ်လောက်ပါ)၊ ဆရာ့ နောက်တခါ ဓါတ်ပုံတင်ရင် ဂျာကင် လဲဝတ်ပါအုံးတဲ့။
• သူပြောတာ မှန်တယ်။ ကျွန်တော်က တဆောင်းတွင်းလုံး အများဆုံး ဝတ်နေကြဂျာကင်ကိုပဲ ဝတ်နေခဲ့တာ။ ကြည့်လိုက်ရင် အဲဒီဒီဇိုင်းချည်းပဲ။
• ဟုတ်ပ့ ဆရာ့မှာ အဲဒီဂျာကင်ကို ဒေလီကတည်းကဝယ်ထားတာ။ ၃ နှစ်တော့ကျော်ပြီပေါ့။ ခုထိလည်း ကောင်းတယ်၊ နွေးတယ်လို့ ပြန်ရေးလိုက်ပါတယ်။
• ကျွန်တော်က အဝတ်အစားလည်း ဇီဇာကြောင်သေးတာ။ ဆွယ်တာဆို လည်ပင်းကဝိုင်းနေတာကို မကြိုက်ဘူး။ (ဗွီ) ပုံကမှ လည်ပင်းအနေရသက်သာတယ်။ ဂျာကင်၊ ရှပ်အင်္ကျီ၊ စပို့ရှပ်မှာ (ပေါ့ကက်) အိပ်ကပ်မပါရင် အသုံးကျတယ်မထင်ဘူး။
• အပြင်သွားရရင် အဆင်အပြေဆုံးက ကုတ်အင်္ကျီ။ အိပ်တွေပါလို့ပါ။ ခရီးထွက်ရရင် သိပ်အသုံးတည့်တာ။ အတွင်းအိပ်တဖက်ထဲကို လေယာဉ်လက်မှတ်နဲ့ (ဘိုးဒင်းပတ်စ်) ထည့်၊ ကျန်တဖက်မှာ ပိုက်ဆံအိတ်နဲ့ (ပတ်စ်ပို့) ထည့်။ အပြင်အောက်အိတ်မှာ အလွယ်သုံး (ငုံဆေးဗူး) ထည့်တယ်။ တဖက်မှာ လက်ကိုင်ပုဝါ။ ပရိတ်ခရာ အကုန်ပါ။
• အခုရာသီဥတုလေးက နည်းနည်းအအေးပေါ့လာပြီဆိုတော့ လက်စွဲတော်ဂျာကင်လေး အနားပေးလို့ရပါပြီ။
ဒေါက်တာတင့်ဆွေ
၁၅-၄-၂ဝ၁၅
Photo by Thadar Swe taken in front of my house on March 12, 2015 returned from second Eye Surgery

Comments
Post a Comment