Government-issued housing, super-highways that span 20 lanes but not a soul in sight

- မြန်မာစစ်အစိုးရက တိုင်းပြည်ရဲ့မြို့တော်ကို ရန်ကုန်ကနေ နေပြည်တော်ကိုရွေ့ခဲ့တာ ဆယ်စုနှစ်ကြာပြီ။
- အစိုးရအိမ်ယာတွေ၊ ၂ဝ လိန်းသွား ဆူပါဟိုင်းဝေးတွေနဲ့ပါ။ ဒါပေမယ့် ဝိဥာဉ်ကင်းမဲ့နေဆဲဖြစ်တယ်။
- ဒေါ်လာသန်းပေါင်းများစွာ အကုန်ခံခဲ့တယ်။ နိုင်ငံခြားသားတွေကလည်း အဲဒီကိုရွေ့လာဘို့ စိတ်မပါကြသေးဘူး။
- တရားဝင် လူဦးရေ ၉၂၄ဝဝဝ ရှိတယ်ဆိုပေမယ့် ဓါတ်ပုံထဲမှာ လူရယ်လို့ တွေ့ရခဲလှတယ်။
- ရန်ကုန်ကနေရွေ့တုံးက ဘာလို့လည်းဆိုတာ သိပ်ရှင်းမပြခဲ့ပါ။
- ရည်ရွယ်တာကိုက အစိုးရအမှုထမ်းတွေအတွက်ဖြစ်ပြီး ဒေသခံတချို့သာ လာနေနိုင်ကြတယ်။
- (မင်ဟတ်တန်) ထက် အဆ ၁၂ဝ ကျယ်ဘို့နဲ့ လူ ၁ သန်းနေဘို့မှန်းခဲ့ပေမယ့် တစ္ဆေခြောက်ခံရနိုင်တဲ့ အခြေအနေမှာသာ ရှိသေးတယ်။
- ကြည့်ရတာ (မက်ထရိုပိုလီတန်) မဟုတ်ပဲ လူသူမနေတဲ့မြို့သာဖြစ်နေတယ်။
- ဆူပါလိန်း ၂ဝ သွားလမ်းတွေပေါ်မှာ အစိုးရပိုင် (အက်စ်ယူဗွီ) ကားတွေသာ သွားလာနေတယ်။ ပြောကြတာက လမ်းတွေဟာ စစ်ရေးအတွက်သုံးဖို့လို့ ဆိုတယ်။

ဒေါက်တာတင့်ဆွေ
၈-၄-၂ဝ၁၅
http://www.dailymail.co.uk/travel/travel_news/article-3043503/Inside-Myanmar-s-haunting-capital-city.html?ITO=1490&ns_mchannel=rss&ns_campaign=1490

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး