Demography of American Motherhood အမေရိကန်မိခင်တွေ ပုံစံပြောင်းလာနေ

အသက်အရွယ် ရနေတဲ့ မိခင်တွေကနေ Autism မွေးရာပါရောဂါနဲ့ ကလေးမွေးလာဘို့ အခွင့်အလမ်း သူတို့ထက်ငယ်တဲ့ မိခင်တွေထက် ပိုများတယ်။ အသက်အရွယ်ကြီးတဲ့ ဖခင်နဲ့ အသက် ၃ဝ အောက်အရွယ် ဇနီးသည်တွေကနေလဲ အဲလို ဖြစ်နိုင်ခြေ များတယ်လို့ Journal Autism Research မှာရေးလိုက်ပါတယ်။ ကယ်လီဖိုးနီးယားမှာ ၁၉၉ဝ နောက်ပိုင်း မွေးဖွါးစာရင်း ၅ သန်းကိုလေ့လာပြီးမှ ကောက်ချက်ချခဲ့တာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ ရောဂါနဲ့ ကလေးပေါင်း ၁၂၁၅၉ ယောက်ရှိတယ်။

ဒိအရင် လေ့လာမှုအရ သိထားခဲ့တာက ဖခင်တွေရဲ့ အသက်ကြီးလေလေ ဖြစ်နိုင်ခြေများလေလေ။ အခုလေ့လာမှုသစ်မှာ ဖခင်ရဲ့ အသက် ၄ဝ ကျော်ပြီး၊ မိခင်က အသက် ၂ဝ အောက်ဆိုရင် မွေးလာတဲ့ကလေးမှာ Autism ရောဂါ ဖြစ်နိုင်ခြေ များတာ တွေ့ရတယ်။ ငယ်ရွယ်တဲ့ ဖခင်တွေထက် ၅၉% အထိများတယ်။ Autism ရှိတဲ့ကလေးရဲ့ ဥာဏ်ရည်က တခြားကလေးတွေနဲ့ မတူပါ။

ထူးခြားချက်ကတော့ မိခင်က အသက် ၃ဝ ကျော်နေပြီး၊ ဖခင်က ၄ဝ ကျော်နေရင် ၁၃% ပိုများတယ်။ မိခင်အသက် ၅ နှစ် ပိုကြီးလေလေ ဖြစ်နိုင်ခြေ ၁၈% တိုးလေလေဖြစ်တယ်။ မိခင်အသက် ၄ဝ ကျော်ရင် ၂ဝ ကျော်သူတွေထက် ၅ဝ% ပိုတယ်။ ၂၅ နှစ်အောက်တွေထက် ၇၇% ပိုတယ်။

အရင်အထင်ဖြစ်တဲ့ ဖခင်အသက်ကြီးတာသာမက မိခင်အသက်ကြီးရင်လဲ ပိုတယ်လို့ အသစ်ကနေ သိလာရတယ်။ အစ္စရေး စာရင်းဇယားတွေကို လေ့လာတော့ ဖခင်အသက် ၄ဝ ကျော်ရင် ၃ဝ ကျော်တွေထက် မွေးလာတဲ့ကလေးမှာ Autism ရောဂါ ၅ ဆပိုတာ တွေ့ရတယ်။

၆-၅-၂ဝ၁ဝ နေ့ကထုတ်ပြန်တဲ့ The New Demography of American Motherhood အစီရင်ခံစာဟာ ၁၉၉ဝ ကျော်နဲ့ ၂ဝဝ၈ တုံးက ကလေးမွေးဖွါးသူ မိခင်တွေကို လေ့လာခဲ့တယ်။
• Age အရင်ကထက် အသက်ပိုကြီးလာကြတယ်။ ၁၉၉ဝ တုံးက ဆယ်ကျော်သက်တွေက ၁၃% ကလေး မွေးကြပြီး၊ ၃၅ နှစ်ကျော်သူတွေက ၉% ကလေးမွေးခဲ့ကြတယ်။ ၂ဝဝ၈ ရောက်တော့ ပြောင်းပြန် ဖြစ်လာတယ်။ ဆယ်ကျော်သက်တွေက ၁ဝ% နဲ့ ၃၅ နှစ်ကျော်သူတွေက ၁၄% ကလေးမွေးခဲ့ကြတယ်။
• Marital Status အိမ်ထောင်မပြုသေးဘဲ ကလေးမွေးသူ ၁၉၉ဝ မှာ ၂၈% ရှိခဲ့ရာကနေ ၂ဝဝ၈ မှာ ၄၁% အထိ ရှိလာတယ်။
• Race and Ethnicity ကလေးမိခင်တွေထဲမှာ အသားဖြူ အမျိုးသမီးတွေက ၁၉၉ဝ တုံးက ၆၅% ရှိခဲ့ရာကနေ ၂ဝဝ၈ မှာ ၅၃% ကျဆင်းလာတယ်။
• Education ကလေးမွေးသူ မိခင်တွေထဲက ၁၉၉ဝ တုံးက ၄၁% သာ ကောလိပ်အထိ ပညာသင်ခဲ့သူတွေ ဖြစ်ပြီး၊ ၂ဝဝ၆ မှာ ၅၄% အထိတက်လာတယ်။ အသက် ၃၅ နှစ်နဲ့ကျော်မှ ကလေးမခင်ဖြစ်လာသူတွေထဲမှာ ကော်လိပ် ကျောင်းသူ ၇၁% ရှိတယ်။
• Attitudes about Parenthood ဘာလို့ ကလေးယူလိုက်တာပါလဲလို့ မေးတော့ ၈၇% က ပျော်ရွှင်မှု ရစေလို့ ဆိုပြီး ဖြေတယ်။ ၄၇% ကတော့ ယူချင်တယ်ဆိုတာထက် ရလာတာလို့ဖြေကြတယ်။
• Overview ချုပ်လိုက်ရင် ၁၉၉ဝ နဲ့စာရင် နောက်ပိုင်းမှာ ဆယ်ကျော်သက် ကလေးအမေတွက အသက် ၃၅ နှစ် ရောက်မှ ကလေးယူသူတွေထက် များခဲ့တယ်။ နောက်ပိုင်းမှာ လက်မထပ်ဘဲ ကလေးအမေဖြစ်သူတွေ ပိုများလာတယ်။ အသားမဲတွေမှာ ၇၂% နဲ့ ပိုသိသာတယ်။ ဟစ်ပင်းနစ်တွေက ၅၃%၊ အဖြူမတွေက ၂၉% နဲ့ အာရှသူတွေက ၁၇% ရှိတယ်။ စုစုပေါင်း ကလေးမွေးကြတာ အဖြူတွေက ၅၃% နဲ့ ဟစ်ပင်းနစ်တွေက ၂၄% ရှိတယ်။ ၂ဝဝ၆ မှာ ၅၄% က ကောလိပ်ပညာ သင်ထားသူတွေဖြစ်တယ်။ ၂၄% က တိုင်းတပါးမှာ မွေးခဲ့ကြတယ်။

Dr. တင့်ဆွေ
၂၂-၇-၂ဝ၁၂

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး