Asthma research ပန်းနာသုတေသန

ပန်းနာရောဂါကို လူသန်းပေါင်းများစွာခံစားနေရတယ်။ တကမ္ဘာလုံးပါ လူနာ သန်း ၃ဝဝ လောက်ရှိမယ်။ ကလေးတွေမှာလည်း အများကြီးဖြစ်နေတယ်။ လေထုထဲမှာပါနေတဲ့ အဆိပ်လို့ခေါ်နိုင်တာတွေကို အပြစ်ဖို့နိုင်တယ်။ ကားတွေကအငွေ့တွေ၊ ဆေးလိပ်ငွေ့တွေ၊ စက်ရုံကအငွေ့တွေ စသဖြင့်။ ဒါပေမယ့် ဖြစ်စေတဲ့အဓိကအချက်ကို မသိနိုင်သေးပါ။ တနည်းအားဖြင့် ဘယ်လိုကဘယ်လို လေပြွန်လေးတွေကျဉ်းလာရသလည်း မပြောနိုင်သေးပါ။

ယူကေနိုင်ငံ Cardiff University (ကားဒစ်ဖ်) တက္ကသိုလ်ဆေးသုတေသနလုပ်သူတွေကနေ calcium sensor receptor (ကယ်လ်စီယမ် ဆင်တာ ရီဆက်ပတာ) ကနေ လုပ်နေတယ်လို့သိလာပါတယ်။ (အလာဂျီ) ရစေတာနဲ့တွေရင် သူက အလုပ်လုပ်လာတယ်။ ရောင်ရမ်းဖြစ်စဉ်ဆက်လာတယ်။ ဒီတွေ့ရှိချက်ဟာ ပန်းနာသုတေသနမှာ ထူးခြားတယ်။

လွန်ခဲ့တဲ့ ၁၅ နှစ်ကမှစသုံးတဲ့ ဆေးအသစ် Calcilytics ကနေ အဲဒီ (ကယ်လ်စီယမ် ဆင်တာ ရီဆက်ပတာ) ကို တားဆီးပေးတယ်။ ဒီဆေးကို အရင်က Osteoporosis အရိုးအားနည်းရောဂါအတွက်သုံးနေခဲ့တယ် အလုပ်မဖြစ်ပါ။ ပန်းနာကိုတော့ ကောင်းမယ်လို့ယူဆတယ်။ ဆေးသုတေသနလုပ်သူတွေက ဆက်လုပ်ဘို့ ရံပုံငွေရှာနေတယ်။

အသစ်တွေ့ရှိချက်ကို ဆရာဝန်တွေကအားရှိနေကြတယ်။ ဒီဆေးကို အဆုပ်ထဲထိထိုးပေးထားဘို့ စဉ်းစားနေတယ်။ ၅ နှစ်လောက်နေရင် ပန်းနာကို ရပ်သွားအောင်ကုသပေးနိုင်တယ်လို့လည်း မျှော်လင့်နေကြပါတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၄-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး