ဆောင်းအမီ

မြောက်လေအပြန် ဟေမာန်ဆောင်းရာသီ
ငွေရည်ငွေနှင်းကလေးတွေ ဖျန်းပက်နေတော့သည်
တယောက်မေအထံ မောင်အပြန်ဆောင်းအမီ
လာစေချင်လွန်းလို့သာ ခွန်းဆင့်ကာတေးသီ
ရွှေရွှေကျီးကလေးအာမည်
တစာစာသူလည်း တအာအာနဲ့မြည်
ဘာလဲလူကို ကျီဆယ်နေသည်
သာလည်းသာနိုင် သာလည်းသာနိုင်ပေသည်
အောင်သွယ်ကောင်းလေးပီ
သာတဲ့အကြောင်းနဲ့ညီ
မေရယ်ဆောင်းအမီ သည်ကနေ့တော့ ရောက်မယ်ထင်ပါသည်
အလွန်အေးတဲ့ရာသီ အလွန်ချမ်းတဲ့ရာသီ
မယ်တရွာ မောင်တမြို့တော့ နေလို့လည်း မဖြစ်နိုင်ပါပြီ
နှစ်ကိုထွေးရန် အရေးကြုံပြီ
မေရယ် ဆောင်းအမီရောက်အောင် ကိုယ့်ဆီ ပြန်ခဲ့စေချင်သည်

တေးရေး သောတမောင်၊ အဆို မေလှမြိုင်သီချင်း ဆောင်းအမီကို ဆောင်းအမှီလို့ ခေါင်းစဉ်တပ်ထားတဲ့ ပြန်ဆိုသီချင်းမှာ သီချင်းစားသာတွေကလည်း အတော်မှားနေတယ်။ ပုံပါလင့်တခုသာ မှန်တယ်။

https://www.youtube.com/watch?v=voD_I-Wn3Kw

မြန်မာသတ်ပုံရယ် ဆောင်းအမီရောက်အောင် ပြန်ခဲ့စေချင်တယ်။

ဒေါက်တာတင့်ဆွေ
၂၉-၁-၂၀၁၉

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး