Sesame နှမ်းခင်း

အညာက နှမ်းခင်းပုံပို့ပေးတာရတယ်။ ကျေးဇူး။ မိဘတွေက တောင်သူဖြစ်ခဲ့ပေမဲ့ ကျွန်တော်က စိုက်တာပျိုးတာတွေ အတော်ကို မသိပါ။ နှမ်းဆိုရင် နှမ်းလျှင် ခေါ် မိုးဦးနှမ်းနဲ့ နှမ်းကြီးလို့သာသိတယ်။ နှမ်းခင်းတွေထဲဖြတ်ပြီး အကြိမ်ကြိမ် သွားလာခဲ့ဖူးတယ်။

ပြောင်းဖူးနဲ့ ငှက်ပျော
သင်္ဘောနဲ့ သခွါး
နွားနဲ့ လှည်း
မြေပဲနဲ့ နှမ်း
ထန်းနဲ့ တမာ
ဝါနဲ့ နာနတ်
လတ်ဆတ်တဲ့ ချဉ်ပေါင်
ယုန်ပေါင်နဲ့ ပတတ်
ဇရပ်နဲ့ သိမ်
ခပ်ပိန်ပိန် ကျွဲ
ပိန္နဲ၊ ဖရဲနဲ့ ဆီး
ခရမ်းသီး အချဉ်နဲ့ အခါး
ပပ်ကြားအက် ကန်စွန်း
ငရုတ်ခင်းထဲက စမြိတ်
အရိပ်ကောင်းတဲ့ ထနောင်း
ကန်စောင်းက အုန်းပင်
ကွပ်ပျစ်စင်နဲ့ မန်ကျည်း
ခရီးဝေးပေမယ့် အရီးလေးတို့ဆီလာချင်သေးတယ်။

ကျွန်တော့်အရီးတွေ မရှိကြတော့ပါ။

ဒေါက်တာတင့်ဆွေ
၂၇-၁-၂၀၁၉

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး