ရေအိုးဖုံး

အလည်ပြန်တုန်းက ညီစာသင်နေတဲ့ အလွတ်ကျောင်းမှာ ကျောင်းသားတွေနဲ့ စကားပြောခဲ့တယ်။ နောက်တခေါက်ဆို နောက်မြို့က အဲလိုအလွတ်ကျောင်း ရောက်အောင်သွားဦးမယ်။ ဘွတ်ကင် လုပ်ထားပြီးပြီ။

လူကြီးလုပ်သူတွေ စာသင်ကျောင်းသွားတာကိုကြည်ပြီး ရေးတာတော့ မဟုတ်ပါ။ အမတ်မဟုတ်တဲ့ဘဝမှာ အဲလိုသွားရတာ အတော်လွတ်လပ်တယ်။

ဟိုခေတ်က ပညာရေးဝန်ကြီးတယောက် ကျောင်းတွေစစ်သလို သွားတယ်။ ကျောင်းရောက်တော့ စာသင်ခုံကို လက်ညှိုးနဲ့ခြစ်ပြီး ဖုံတင်နေတာတွေ့ရင် အပြစ်တင်တယ်။ အဲတာ ပညာရေးပေါ်လစီခေါ်တယ်။

ကျန်းမာရေးဝန်ကြီးလာတာ တခါကြုံရတော့ တခါမှမဝတ်ခဲ့ဖူးတဲ့ ဂျူတီကုတ်ချုပ်လိုက်ရတာသာ အဖတ်တင်တယ်။

မုံရွာက ကျောင်းသားတွေကို ဘယ်အကြောင်းအရာကို ပြောစေချင်သလဲ အရင်မေးပါတယ်။ သူတို့ခိုင်းတာကိုသာ ပြောခဲ့တယ်။ တိုက်ပုံလည်းမပါ။ ဖုံလည်း မစစ်ခဲ့ပါ။

မြန်မာစာတော့ ပြောခိုင်းလည်း ပြောမှာမဟုတ်ပါ။ ကျွန်တော်ပြောသလိုသာရေးရင် သူတို့ စာမေးပွဲကျမှာ။ အိုးရွဲ့ကို စလောင်းရွဲ့နဲ့သာ ဖုံးရတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၁-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး