Books စာအုပ်သစ်ပင်

သမိုင်းသင်ယူတာ မအအောင်လို့ဆိုတဲ့ ဆုံးမစကား လူအများက သဘောကျကြတယ်ထင်ပါတယ်။

ကျွန်တော်က နည်းနည်းကွန့်ပြီး အညာမခံရအောင်လို့ဆိုပြီး ရေးပါတယ်။

သမိုင်းသာမဟုတ်ပါ။ ဘာသာရပ်မျိုးစုံကို ဖတ်မှတ်သင်ယူတာကလည်း မအအောင် အညာမခံရအောင်ဖြစ်ပါသေးတယ်။ ဘာသာရေးလည်းပါတယ်။ နိုင်ငံရေးလည်းပါတယ်။ သင်္ချာ၊ မြန်မာစာ၊ ပထဝီနဲ့ သိပ္ပံတို့လည်းပါတယ်။

အသက်ရသူတိုင်း စာတွေအများကြီးဖတ်ခဲ့ပြီးကြပြီ။ ကောက်ချက်လေးတခု ချချင်လာတယ်။ စာဖတ်များသူတွေက သူများတွေ ညာနေကြတာတွေကို သိတယ်။ သူများတွေ အညာခံနေကြရတာတွေကိုလည်း မြင်တယ်။ စာအုပ်တွေဆင့်ထားတဲ့အမြင့်ပေါ်ကနေ တက်ကြည့်ကြပါလေ။

ဖတ်တဲ့စာအုပ်ကိုတော့ ရွေးပါ။ ဂန္ထဝင်စာဆိုရင် ဟောင်းလေကောင်းလေ။ မြန်မာစာနဲ့ရေးတာဆိုရင် သစ်လေလွဲလေ။ ကြက်ဆူပင်သတ်ပုံနဲ့စာအုပ်တွေကို ရှောင်ပါလေ။

ဒေါက်တာတင့်ဆွေ
၂၅-၁-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး