ရွှေပြည်တော် မျှော်တိုင်းဝေး

ရွှေပြည်တော် မျှော်တိုင်းဝေးစာအုပ်ကို ဗန်းမော်တင်အောင်ကရေးပါတယ်။ ၁၉၇၂ ခုနှစ်၊ အောက်တိုဘာလမှာ ပထမအကြိမ် ထုတ်တယ်။

မိမိ၏ လမ်းအတိုင်း တလှမ်းချင်း ပင်ပန်းလေးလံစွာ လျှောက်လိုက်လာရစဉ် ဂန့်ဂေါ်မြိုင်ဘက်ဆီမှ ဂျိုးကူသံကို ကြားမြဲကြားနေရ၏။ အေးချမ်း ဆိတ်ငြိမ်လျက်ရှိသော တောရတခွင် ပတ်ဝန်းကျင်တွင် အထီးကျန်ဖြစ်သော ဂျိုးကူသံသည်သာ ပြန့်လွင့်လျက်ရှိပါ၏။

ပြန်ထုတ်တွေမှာတော့ သတ်ပုံတွေပြင်ထားတယ်။

ရွှေပြည်တော် မျှော်တိုင်းဝေးသီချင်းကို အလွမ်းသီချင်းရေးတဲ့ မောင်ကျော်ဇောကရေးပြီး ခင်ညွန့်ရည်ကဆိုပါတယ်။ ဂီတမှုးက စန္ဒရားတင်ဝင်းလှိုင်။

သူငယ်ချင်းတယောက်က စုဆောင်းထားတဲ့သီချင်းကို နောက်သူငယ်ချင်းတယောက်က တင်ထားတာတွေ့ပါတယ်။ ကျွန်တော်တို့ဆရာဝန်တွေက ရွှေပြည်တော်နဲ့ ဝေးတဲ့အရပ်တွေမှာ တနေရာစီ နေကြပါတယ်။

https://www.facebook.com/100007897269685/videos/1826581457615079/

မြန်မာစာဟာ မိမိလမ်းအတိုင်း တလှမ်းချင်း ပင်ပန်းလေးလံစွာ လျှောက်နေပါတယ်။ သတ်ပုံမှန်သာသိတဲ့ကျွန်တော်တို့ဟာ တောရတခွင် ပတ်ဝန်းကျင်မှာ အထီးကျန်သာ။ ဂျိုးကူသံဟာ တစ်နေရှာတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၁-၂ဝ၁၈
၂၇-၁-၂ဝ၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး