မုံ့ပဲသွားရည်စာ

ကွန်မင့်တခုပါ။ ဟုတ်ကဲ့ဆရာ မုန့် တော့ မုံ့ပဲဆရာ ဘယ်မုန့်က ကိုဘယ်လိုစားသင့်ပါသလဲ တဲ့။

ကျွန်တော်တို့ကျောင်းသားဘဝမှာ မုံ့တခု တမတ်ပေးရတယ်။ ခုခေတ်မှာ မုန့်တစ်ပွဲ တစ်ထောင်ဆိုလားမသိ။

ဆိုရိုးစကားတခုက ခက်သည်ကို လွယ်စေလော့။ ခုခေတ်မှာ လွယ်သည်ကို ခက်စေလော့။ ဈေးနည်းတာကို ကြီးစေလော့။

ကျွန်တော် အလည်ပြန်တော့ ငယ်ငယ်ကစားခဲ့ရတဲ့မုံ့တွေ စားခဲ့ရပါတယ်။ မုံ့တီ၊ မုံ့ဟင်းခါး၊ ထန်းသီးမုံ့၊ မုံ့ဆီကြော်၊ မုံ့ပေါင်း စားလို့ကောင်းတယ်။ မုံ့လုပ်နည်းတွေ တူတယ်။ စာရေးနည်းမတူ၊ ပေးရတဲ့ ဈေးနှုန်းမတူ။

ထိုးမုံ့နဲ့ လမုံ့ ဝယ်လာတယ်။ မုံ့လင်မယား၊ မုံ့ပြားသလက်၊ မုံ့လက်ကောက်နဲ့ မုံ့လေပွေတော့ မစားခဲ့ရပါ။ နောက်တခေါက်။

ဒေါက်တာတင့်ဆွေ
၂၈-၁-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး