HPV Vaccine သားအိမ်ဝကင်ဆာကာကွယ်ဆေး မြန်မာပြည်တပြည်လုံး ထိုးပေးမယ်

သတင်းတခု အခုပဲဖတ်ရတယ်။ အသက် ၁၀ နဲ့ ၁၄ နှစ်ကြားအရွယ် မိန်းကလေးတွေကို ထိုးပေးမှာလို့ ဆိုပါတယ်။ မြန်မာနိုင်ငံက အရှေ့တောင်အာရှမှာ သားအိမ်ဝကင်ဆာဖြစ်နှုန်း တတိယလိုက်တယ်လို့ သတင်းမှာပါတယ်။ ကမ္ဘာမှာလည်း ဖြစ်ပွါးမှုအများဆုံးနိုင်ငံတဲ့။ ဆောရီး။ ကျန်းမာရေးဆန်းစစ်ချက်တွေအားလုံးမှာ မြန်မာပြည်ဟာ အညံ့ဆုံးတွေချည်းသာဖြစ်နေတယ်။ ဆောရီး။ Gardasil နဲ့ Silgard ဆေးတမျိုးမျိုးထိုးပေးဘို့ WHO လမ်းညွှန်မှာပါတယ်။

Human papillomavirus (HPV) ခေါ် ဗိုင်းရပ်ကနေ သားအိမ်ဝကင်ဆာဖြစ်စေနိုင်တယ်။ ၂၀၁၂ ခုနှစ်တုန်းက အမျိုးသမီးပေါင်း ၂၆၆၀၀၀ ယောက်သေဆုံးခဲ့ရတယ်။ လူနာသစ် ၅၂၈၀၀၀ ယောက်တွေ့ခဲ့တယ်။ သားအိမ်ဝကင်ဆာ လူနာအားလုံးရဲ့ ၈၅% ဟာ ဖွံ့ဖြိုးမှုနည်းတဲ့တိုင်းပြည်တွေမှာဖြစ်တယ်။ အမျိုးသမီးတွေမှာဖြစ်တဲ့ ကင်ဆာ အားလုံးရဲ့ ၁၂% ဟာ သားအိမ်ဝကင်ဆာ။ ၉၉% တို့ဟာ လိင်လမ်းကြွက်နို့ကနေဖြစ်တယ်။ ဒီပိုးကနေ တခြားနေရာ ကင်ဆာတွေလည်း ဖြစ်တယ်။ စအို၊ ဦးခေါင်း၊ လည်ပင်းမှာ ယောက်ျားရော မိန်းမတွေမှာ ဖြစ်နိုင်တယ်။ လိင်ကတဆင့် ကူးစက်တယ်။

ကာကွယ်ဆေး ၃ မျိုးရှိတယ်။ Bivalent ကာကွယ်ဆေး၊ Quadrivalent ကာကွယ်ဆေးနဲ့ Nonavalent ကာကွယ်ဆေးတွေ ဖြစ်တယ်။ ဆေးအားလုံးကနေ သားအိမ်ဝကင်ဆာအားလုံးရဲ့ ၇၀% ကိုဖြစ်စေတဲ့ ဗိုင်းရပ်အမျိုးအစား ၁၆ နဲ့ ၁၈ တွေကနေ ကာကွယ်ပေးနိုင်တယ်။ Quadrivalent ကာကွယ်ဆေးက ၁၆ နဲ့ ၁၁ အမျိုးကနေဖြစ်စေတဲ့ စအိုလမ်းကင်ဆာအတွက်ပါ ထိရောက်တယ်။ Nonavalent ဆေးက ၃၁၊ ၃၃၊ ၄၅၊ ၅၂ နဲ့ ၅၈ အမျိုးပိုးတွေကို ကာကွယ်မယ်။

သားအိမ်ဝကင်ဆာဖြစ်နှုန်း
မြောက်အမေရိက 6.6 cases/100,000 persons
ဥရောပ 7.3 cases/100,000 persons
လက်တင်အမေရိက 21.2 cases/100,000 persons
ဆာဟာရအောက်ပိုင်း 34.8 cases/100,000 persons

WHO ကဦးစားပေးအုပ်စုအဖြစ် အသက် ၉ နှစ်ကနေ ၁၄ နှစ်မိန်းကလေးတွေကို ကာကွယ်ဆေးထိုးသတ်မှတ်ပါတယ်။ စုစုပေါင်း ၇၁ နိုင်ငံမှာထိုးမယ်။

၁၅ နှစ်အောက် ပဌမတလုံးနဲ့ ဒုတိယတလုံး ၆ လခြာမယ်။ မစောသင့်ပါ။

၁၅ နှစ်အထက် ပဌမတလုံးနဲ့ ဒုတိယတလုံး ၂ လခြာမယ်။ တတိယဆေးကို ပဌမဆေးနောက် ၆ လမှာထိုးမယ်။

ဒေါက်တာတင့်ဆွေ
၃၁-၁-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး