မောင်ဖစ် ကိုဖစ် မဖစ် ဦးဖစ် နှင် ဒေါ်ဖစ်များသို့

မေးခွန်းတွေထဲက နမူနာလေးသာထည့်ပါမယ်။ အဲလိုရေးနေသူတွေက အများကြီး။

၁။ နေမကောင်းဖစ်ပီ သွေးမဟုတ်ပဲ နှာခေါင်းထဲက ပြည် လိုမျိုးအနံ့ထွက်နေတာ ဘာဖစ်တာလဲဟင်ဆရာ

၂။ ဟုတ်တယ်ဆရာ ကျနော့်မှာဆို နှုတ်ခမ်းမှာပဲ ဖစ်တာ အပူနာလိုပဲ သုံးနှစ်ရှိပီ ဆောင်းတွင်းရောက်တိုင်း ဖစ်နေတယ်ဆရာ

ဖစ် ဆိုတာ မြန်မာစာမှာ မရှိပါ။ ဘာသာခြားစာလုံးကို အသံထွက်ယူတာမှာသာ သုံးပါတယ်။
ဖစ်လမ်း။
ဖစ်သခင်။
ဖစ်ရှားလမ်း။
ဝါဖစ်လေး။
ဦးဖစ်။

ဖြစ်
ဖြစ်ကတတ်ဆန်း မလုပ်နဲ့။
ဖြစ်ပျက်ရှုမှတ်ပါ။
ဖြစ်လွယ်ရင် ပျက်လွယ်တတ်တယ်။
မိုးရေဖြစ်ပေါ်လာပုံကိုဖြေဆိုပါ။
ဖြစ်ကြောင်းကုန်စင် ပြောပြပါ။
စီးပွားရေးဖြစ်ထွန်းသည်။
အဖြစ်ရှိတဲ့ သမီးလေး၊ အမှား ဖြစ်မသွားအောင် ကြိုးစားပါ။

ဖြစ်မှဖြစ်ရလေ မြန်မာစာရေ။

ဒေါက်တာတင့်ဆွေ
၁၇-၁၁-၂ဝ၁၆
၂၆-၁-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး