Online Download အဲလို မလုပ်ကောင်းပါ

အွန်လိုင်းဒေါင်းလုဒ် စာအုပ်တွေ အစကတော့ ဟုတ်သလားလို့။ နေ့တိုင်းလိုလိုကြည့်ပါတယ်။ ၉၀% လောက်ဟာ သတ်ပုံတွေကို ပြင်တင်ထားကြတာ။ ကျွန်တော့်မှာ မူရင်းစာအုပ်တွေရှိလို့သိတယ်။

မြန်မာ့စွယ်စုံကျမ်းတွေကိုလည်း တင်ထားတယ်။ အစကတော့ အားကိုးခဲ့သေးတာ။ နောက်တော့ ဘယ်ဟုတ်မလဲ။ သတ်ပုံတွေ ပြင်ထားတယ်။ ကိုယ်တတ်ရင် ကိုယ့်သတ်ပုံနဲ့ကိုယ်ရေးပေါ့။ အဲလို မလုပ်ကောင်းပါ။

အရင်ထုတ်စာအုပ်တွေကိုလည်း သတ်ပုံပြင်ပြီးရောင်းနေကြတယ်။ ကိုယ်တတ်ရင် ကိုယ့်သတ်ပုံနဲ့ကိုယ်ရေးပေါ့။ အဲလို မလုပ်ကောင်းပါ။

သူများဆီမှာ အဲလိုမလုပ်ကြပါ။

ဒေါက်တာတင့်ဆွေ
၂၄-၁-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး