Naomi Osaka was robot နာအိုးမိ အိုဆာကာ စက်ရုပ်

နာအိုးမိ အိုဆာကာဟာ ၂၀၁၉ ခုနှစ် သြစတေးလျအိုးပင် တင်းနစ် အမျိုးသမီးချန်ပီယန် ဖြစ်လာပါတယ်။ ၂၀၁၈ ယူအက်စ်အိုပင်းမှာလည်းသူက ချန်ပီယမ်ဖြစ်ခဲ့တယ်။ အခုကမ္ဘာ့အဆင် (၁) ဖြစ်လာပါပြီ။ သူဟာ ၂၀၁၅ ခုနှစ်တုန်းက အဆင့် ၁၄၃ သာရှိပါသေးတယ်။

သူက ဂျပန်မိခင်နဲ့ ဟေတီဖခင်တို့ကနေ ဂျပန်မှာမွေးပါတယ်။ အခုအသက် ၂၁ နှစ်။

သြစတေးလျအိုးပင်ပြိုင်ပွဲအပြီးမှာ နာအိုးမိမျက်ရည်ကျတယ်။ သူ့ပြိုင်ဘက် ချတ်နိုင်ငံသူက ချန်ပီယန်ရှစ်ပွိုင့် ၃ ကြိမ်တိုင် ရောက်နေတာကို ချေဖျက်ပြီး အနိုင်ရခဲ့တာပါ။

တချို့လူတွေက အဲလိုလုပ်ရပါတယ်ရှင့်လို့ အင်တာဗျူးမှာပြောလိုက်တယ်။ ပွဲအပြီးမှာ မျက်ရည်ကျခဲ့တဲ့သူ ပြိုင်ပွဲမှာတော့ စက်ရုပ်လို ကစားခဲ့ပါသတဲ့။ စိတ်ခံစားမှု ဖီလင်တွေကို ချုပ်တည်းထားနိုင်ခဲ့ပါသတဲ့။

တဖက်လူက ချန်ပီယန်ရှစ်ပွိုင့်ရောက်နေချိန်မှာ စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းတယ်။ အဲတော့ သူ့ကိုသူပြောတယ်။ အဲတာကို ငါဘာလုပ်လို့ရမှာလဲ။ ငါဟာ ဖိုင်နယ်ပွဲကို ကစားနေတာ။ ဆက်ချရမှပဲ။ သူငယ်နှပ်စားလေးလို မလုပ်ရဘူး။

နာအိုးမိက အဆင့်ဆိုတာထက် သြစတေးလျအိုးပင်းပင်းချန်ပီယမ်ဖြစ်ဖို့ အိပ်မက်မက်ထားသူလို့ ပြောပါတယ်။

ယူအက်စအိုးပင်းတုန်းကလည်း ၂၃ ကြိမ်တိုင် ချန်ပီယန်ဖြစ်ထားသူ ဆရီနာဝီလီယမ်ကို အနိုင်ကစားခဲ့သူဖြစ်ပါတယ်။ အခုပွဲမှာ သူအနိုင်ယူလိုက်သူကလည်း ဝင်ဘယ်ဒန်ချန်ပီယမ် နှစ်ထပ်ကွမ်းရထားတဲ့သူ။ ချက်နိုင်ငံသူကလည်း ၂၀၁၆ ခုနှစ်မှာ ဓါးပြတိုက်ခံရရာကနေ ဒါးဒဏ်ရာရထားတဲ့သူဖြစ်ပါသေးတယ်။ ခွဲစိတ်ကုသထားရတယ်။ သူလည်း ကိုယ်ရော စိတ်ပါ ကြံ့ခိုင်သူတယောက်ဖြစ်လို့သာ တင်းနစ်ရက်ကက် ပြန်ကိုင်နိုင်တာပါ။

အရေးပါတဲ့ အားကစားပွဲတွေကိုကြည့်ပြီး ကိုယ့်အတွက်သင်ခန်းစာကောင်းတွေ ရယူနိုင်ကြပါစေ။ အိပ်မက်ကောင်းတခုကို စက်ရုပ်လို ကျင့်ကြံအကောင်အထည်ဖေါ်နိုင်ပါစေ။ အောင်ပွဲမျက်ရည်သာ ကျနိုင်ကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၆-၁-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး