Black ribbon ဖဲကြိုးနက်

အရေးပါလှတဲ့ သင်္ကေတတခုဖြစ်တယ်။ ဝမ်းနည်း၊ သေဆုံး၊ ထိခိုက်မှုတွေအတွက် အောက်မေ့ဘွယ်အဖြစ်သုံးတယ်။ ဝမ်းနည်းခြင်းအထိန်းအမှတ် လက်မောင်းမှာ အနက်စပတ်ထားတာနဲ့ဆင်တူတယ်။ နိုင်ငံရေးမှာလည်းသုံးတယ်။ မြန်မာပြည်မှာတော့ ကျန်းမာရေးမှာစသုံးနေပြီ။

နိုင်း-အလဲဗင်း ခေါ်တဲ့ နယူးယော့ကုန်သွယ်ရေးတာဝါကြီးကို အကြမ်းဖက်သမားတွေဖြိုချခံတုံးကလည်း သုံးခဲ့တယ်။ ၂ဝ၁ဝ ဆောင်းရာသီအိုလံပင်ပွဲတော်တုံးက ဂျော်ဂျီယာအလံမှာ ဖဲကြိုးအနက် တပ်ထားခဲ့တယ်။ ၁၈-၇-၂ဝ၁၄ နေ့က ပျက်ကျသွားတဲ့ မလေးရှားလေကြောင်းပိုင်လေယာဉ်အတွက် ဒတ်ခ်ျမှာ ဖဲကြိုးနက်သုံးကြတယ်။ ၁၉၉၇ ခုနှစ်က ဗြိတိန်မှာ မင်းသမီးဒိုင်ယာနာ သေဆုံးတော့လည်းသုံးခဲ့တယ်။

ဥရောပတချို့နိုင်ငံတွေမှာ Black Ribbon Day ဖဲကြိုးနက်နေ့လို့ရှိတယ်။ စတာလင်ဝါဒနဲ့ နာဇီဝါဒကြောင့် ဘေးဒဏ်သင့်ခွရသူတွေကို အောက်မေ့ဝမ်းနည်းပြီး နှစ်စဉ် သြဂုတ်လ ၂၃ ရက်နေ့မှာကျင်းပကြတယ်။

၂ဝဝ၅ သြဂုတ်လ အမေရိက ကက်ထရီနာ ဟာရီကိန်းမုန်တိုင်းနဲ့ ၁၅-၈-၂ဝဝ၇ ပီရူး မြေငလျင်အတွက် ဖဲကြိုးနက်ကို ဝတ်ဆင်ခဲ့ပေမယ့် ၂ဝ၁၅ မြန်မာ့ရေဘေးကာလမှာတော့ ဆရာဝန်တွေကနေ ဖဲကြိုးနက်ကင့်ပိန်းလုပ်နေကြတယ်။ သမိုင်းတွင်စေပါမယ်။

ဒေါက်တာတင့်ဆွေ
၁ဝ-၈-၂ဝ၁၅

Comments

  1. ဆရာရေကျွန်တော်ကလူပျိုပါဆရာအဂါင်္ကသိပ်မသန်စွမ်းလို့ဆရာဆေးဘာဆေးသောက်ရမလဲဆရာ fbမှာကြော်ငြာတဲ့ဆေးတွေကအများကြီးဘဲဘာဆေးကကောင်းမှန်းဆိုးမှန်းမသိလို့ပါဆရာဆရာပြေပေးပါကျွန်တော်ကလာပြီရင်ပြန်ညှိုးညှိုးသွားတယ်ဆရာအားမရဘူး

    ReplyDelete

Post a Comment

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး