Sunday, August 16, 2015

Spelling kills သတ်ပုံက တကယ်သတ်နေတယ်

မေးခွန်းတခု = သမီးအိပ်တဲ့အခါ ခေါင်းတခြမ်း အမြဲကိုက်ပြီး အိပ်မရဖြစ်နေပါတယ်။ ဆရာဝန်းတွေလည်းဆုံးနေပါပြီ။ ခုထိ မကောင်းသေးလို့ပါ။ ဘာဆက်လုပ်ယင်ကောင်းမလည်း။ ဆရာစီကအကြံညဏ်ကောင်းများရချင်ပါတယ်။

ဒီမေးခွန်းမှာ (စ) နဲ့ (ဆ) ကို နှစ်နေရာမှာ မှားနေတယ်။ (ဆရာဝန်တွေဆုံးနေပါပြီ) ဆိုတာ ဆရာဝန်တွေသေဆုံး ကွယ်လွန်နေပါပြီလို့ သဘောသက်ရောက်တယ်။ (ဆရာစီက) မဟုတ်ပါ (ဆရာ့ဆီက) ဖြစ်ရပါမယ်။ (ဘာဆက်လုပ်ယင်) မဟုတ်ပါ (ဘာဆက်လုပ်ရင်) ဖြစ်ရပါမယ်။

(ဖဆပလ) ခေတ်က ဗုဒ္ဓဘာသာဝင်မဟုတ်သူကို သာသနာရေးဝန်ကြီးခန့်တယ်။ ဘုန်းကြီးတွေက ဆန္ဒပြတဲ့အခါ (အရှင်ဘုရားတို့ ပြန်တော်မူကြပါဘုရား၊ ပြန်တော်မူကြပါဘုရား) လို့ ရိုရိုသေသေလျှောက်ပါသတဲ့။

သတ်ပုံတွေ စကားတွေ မှားလွန်းနေတော့ ကြာရင် ဆရာဝန်တွေရော ဘုန်းကြီးတွေပါ မျိုးတုံးလိမ့်မယ်။

ဒေါက်တာတင့်ဆွေ
၁၆-၈-၂ဝ၁၅

No comments:

Post a Comment

Note: Only a member of this blog may post a comment.

အရွက် နှင့် အပွင့်

အရွက်တွေသာ ရှိစဉ်က အတူတူ အစိမ်းရောင်သာ။ ပွင့်လာတော့ အရောင်အမျိုးမျိုး။ အဲလိုပါပဲ။ ကိုယ့်သားသမီးတွေ၊ ကိုယ်စာသင်ပေးလိုက်တဲ့ ကျောင်းသူကျောင...