Tuesday, August 18, 2015

Date of birth မွေးသက္ကရာဇ်

ကျန်းမာရေးမေးရင် ကျား-မ နဲ့ အသက်ကို အရင်ဆုံးသိချင်တယ်။ တချို့က အဲတာကို နောက်ဆုံးမှရေးတော့ နောက်တခေါက် ပြန်ဖတ်ရတယ်။

ကနေ့ တယောက်ကမေးတယ်။ ဖြစ်တဲ့သူအသက် မသိပါလို့ရေးပြီး ရောဂါအကြောင်းစာပို့တယ်။ နောက်မေးခွန်းတခု မေးတယ်။ အသက်ကို မပြောပါ။ ဆရာမေးတာကို မဖြေပါဆိုတာ။ ကျေးဇူးပါတဲ့။

ကျွန်တော်အခုနေရတဲ့တိုင်းပြည်မှာ ဘယ်ကိစ္စမဆို မွေးနေ့ (လ-ရက်-ခုနှစ်) ကိုအရင်ဆုံးမေးတယ်။ ကွန်ယက်ကြီးထဲမှာ လူတိုင်းရဲ့မွေးနေ့ကို ထည့်ထားပြီးဖြစ်တယ်။ နည်းနည်းလေးမှလွဲမရပါ။ အဲတာမပြောလို့ကတော့ ဘာတခုမှလုပ်မရပါ။

သူများနိုင်ငံမှာ ကိုယ့်မွေးနေ့ကို တက်တူးထိုးထားသူတွေရှိတယ်။ ဆရာဝန်ကို အသက်မပြောချင်တဲ့ရောဂါကို အမည်မခေါ်တတ်ပါ။ မြန်မာပြည်မှာပဲရှိတယ်။

ဒေါက်တာတင့်ဆွေ
၁၈-၈-၂ဝ၁၅

No comments:

Post a Comment

Note: Only a member of this blog may post a comment.

တကယ်ကြီးပွားလိုသူများ

ဘူးတလုံးဆောင် အိုအောင်မဆင်းရဲ ပီမိုးနင်း ဘဝတိုက်ပွဲ ဒေါက်တာတင့်ဆွေ ၁၂-၇-၂၀၂၀