Friday, August 14, 2015

Disrespect ဘုရားပုံကို သတ်ပုံဖျက်သည်

ချတ်ဘောက်စ်ကနေ ဘုရားပုံရောင်စုံတွေနဲ့ ဆုံးမစာ ဆုတောင်းစာ စတစ်ကာတွေကို မကြာမကြာ ပို့နေတဲ့တယောက် ရှိတယ်။ တခါမှ မဖတ်အားပါ။ ဘာမှလည်းပြန်မရေးမိပါ။ ကနေ့တော့ နောက်ဆုံးပို့လာတာကို အပြေးအလွှားဖတ်တော့ အရင်ဟာတွေကိုပါ ပြန်စစ်ရပါတော့တယ်။ သတ်ပုံတွေမှားလွန်းလှတယ်။
- ရိုးသေလေးစား = ရိုသေလေးစား
- အိပ်စက်အနားယူန်ုင်ပါစေ = အိပ်စက်အနားယူနိုင်ပါစေ
- လိုအင်းဆန္ဒ = လိုအင်ဆန္ဒ
- မေတ္တာတော်အနန္ဒ = မေတ္တာတော်အနန္တ
- ပြည့်ဝကျပါစေး = ပြည့်ဝကြပါစေ
သတ်ပုံအမှားတွေနဲ့ရေးထားလို့ တန်ဖိုးကျစေပါတယ်။ အမှားတွေကို မျှဝေခြင်းမလုပ်သင့်ပါ။
ဖုန်းနဲ့စာရိုက်တဲ့အခက်အခဲကို တွေးယူနိုင်ပါတယ်။ အခုဟာက စတစ်ကာရောင်စုံတွေပို့တာ။

ဒေါက်တာတင့်ဆွေ
၁၃-၈-၂ဝ၁၅

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Djenkol bean တညင်းသီးကျန်းမာရေး

၁။ တညင်းသီးက ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေတယ်ဆိုတာ ဟုတ်ပါသလား ဆရာ ၂။ ဆရာကခင်ဗျာ၊ တညင်းသီးက လူခန္ဓာကိုယ်အတွက် အကျိုးပြုပါသလားခင်ဗျာ ကျန...