Sunday, August 23, 2015

Radio broadcasting

ရေဒီယိုကို မြန်မာ့အသံတခုတည်းသာရှိကတည်းက (အလယ်တန်းကျောင်းသားဘဝ) နားထောင်လာခဲ့ပါတယ်။ နောက်မှာ မိုးလုံးပြည့်မုသာဝါလို့ ဘွဲ့အမည်ရတဲ့ (ဘီဘီစီ၊ ဗွီအိုအေ၊ အေအိုင်အာ) ခေတ် (အာရ်အက်ဖ်အေနဲ့ ဒီဗွီဘီ ကို မထည့်သေးပါ) ရောက်တော့လည်း နေ့-ည မပြတ်နားထောင်ခဲ့ပါတယ်။

အခုတော့ (ဘီဘီစီ၊ ဗွီအိုအေ၊ အာရ်အက်ဖ်အေ) သုံးခုကို တနေ့မှာ မနက်-ည အနည်းဆုံး နှစ်ခုကို အွန်လိုင်းကနေ နားထောင်ပါတယ်။

ပြောင်းလဲလာတာတွေကို သတိထားမိတယ်။ မြန်မာ့အသံခေတ်တုံးက ဆရာရွှေဥဒေါင်းကနေ မြန်မာ့အသံသည် ကျွန်ုပ်၏ နားကိုကလောစေ၏လို့ လုပ်သားပြည်သူ့နေ့စဉ်မှာရေးတာကို ဖတ်ဖူးတယ်။

အခုတော့ ပြည်ပရေဒီယိုများတွင် အင်တာဗျူးပေးသူများသည် ကျွန်ုပ်၏နားထဲ အဆီအငေါ်မတည့်ဝင်လာတတ်၏။ တခါတရံ အင်္ဂလိပ်-မြန်မာ အဘိဓါန်ကိုလှန်ခိုင်း၏။ အခုလေးတင်းကြားလိုက်သေးတယ်။ ကွန်ဆာလ်တေးရှင်း မီတင်တွေ လုပ်ပါသတဲ့။ ကျွန်တော်လည်း တခါခါ လျှာချော်သွားတတ်၏။

ဒေါက်တာတင့်ဆွေ
၂၃-၈-၂ဝ၁၅

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆိုရှယ်လစ်ခေတ်၏ ကောင်းကွက်ကိုရှာခြင်း

လုပ်သားပြည်သူနှင့် ဦးကြီးဟု အခေါ်ခံရသူများ၏ စကားဝိုင်းမှာ ပြောကြတယ်။ လုပ်သားပြည်သူ- အဲဒါ ငစိန်နဲ့ မီးဒုန်းခေတ် ဦးကြီး - ဆန်တပြည် ၆၅ ပြ...