Simple Logic လောဂျစ်

ပါတီတခုက ထိပ်တန်းတာဝန်ရှိသူကို သူတို့နည်းနဲ့သူတို့ဖယ်ရှားတာကို လိုတာထက်ပိုပြီး ပုံကြီးချဲ့နေကြတယ်။ ပြည်သူ့အားနဲ့ဆန့်ကျင်ကြလို့တောင် လုပ်လာတယ်။ အဲလိုလူတွေက ဘာအာဏာမှမရှိသူတွေ မတရားလုပ်ခံရတုံးက ဘယ်လိုအသံထွက်ခဲ့သလည်း မသိပါ။

အဲဒီလူကြီးတယောက်အမှုကိစ္စမှာ ဝေဖန်ထောက်ပြတာဟာ ဖယ်ရှားခံရသူကိုထောက်ခံတာလို့ ဘာသာမပြန်သင့်ပါ။

NLD ပါတီရေးကိစ္စမှာ ဝေဖန်ထောက်ပြတာဟာ ရွေးကောက်ပွဲမှာ NLD ကိုမဲမပေးနဲ့လို့ ဆက်ပြောတာ မှားတယ်။

မောင်ဘသည် သေမျိုးဖြစ်၏။ ခွေးသည်သေမျိုးဖြစ်၏။ ထို့ကြောင့် မောင်ဘသည်ခွေးဖြစ်၏ဆိုတာ ယုတ္တိမတန်ပါ။

ဒေါက်တာတင့်ဆွေ
၁၆-၈-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး