Harvoni and Sovaldi အသည်းရောင် (စီ) ဆေးများ

Harvoni (sofosbuvir 400 mg + ledipasvir 90 mg) ဆေးဟာ HCV genotype 1 အသည်းရောင် (စီ) ဂျီနိုအမျိုးအစား (၁) အတွက် နောက်ဆုံးပေါ် ၉၄% - ၉၉% ထိရောက်တဲ့စားဆေးဖြစ်တယ်။ မူရင်း အမေရိကန်ဆေးကုမ္ပဏီ Gilead Sciences ရောင်းဈေးများလွန်းလို့ အိန္ဒိယအပါအဝင် တခြားတိုင်းပြည်တွေက ဆေးကုမ္ပဏီတွေကို ဈေးချုချိုနဲ့ ဆေးကို Generic name နာမည်ရင်းအတိုင်းထုတ်ဖို့အတွက် လိုင်စင်ပေးထားပါတယ်။

Harvoni ကို ယူအက်စ်မှာ ၂၈ လုံး (၄ ပါတ်စာ) ကို အနည်းဆုံး $32,138 ကုန်ကျတယ်။ ၁၂ ပါတ်အတွက် $94,500 ကနေ $96,414 အထိကုန်ကျပါတယ်။ အိန္ဒိယကနေ လာမယ့်နိုဝင်္ဘာနောက်ပိုင်းကစပြီး တရားဝင်ထုတ်ရောင်းနိုင်မယ်လို့ ၂၈-၇-၂ဝ၁၅ နေ့သတင်းကဆိုပါတယ်။ သတင်းအရတော့ ၁၂ ပါတ်စာ $2,500 ကုန်ကျမယ်လို့ပါရှိပါတယ်။

Harvoni side effects ဘေးထွက်ဆိုးကျိုးများ = အားယုတ် (17%)၊ ခေါင်းကိုက် (16%) နဲ့ ပျို့-အန်ချင်၊ ဝမ်းပျက်နဲ့ အိပ်မရတာတွေဖြစ်တယ်။

Hepatitis C genotypes 2 နဲ့ 3 တွေအတွက် Gilead Sciences ကနေထုတ်တဲ့ Sovaldi ဆေးကအကောင်းဆုံး ဖြစ်ပါတယ်။ ဒီဆေးကိုလည်း ယူအက်စ်မှာ တပြားကို $1,000 နဲ့ ၁၂ ပါတ်စာ $84,000 ပေးရပြီး ဈေးချိုတဲ့ဆီမှာ ၁၂ ပါတ်စာကို ဒေါ်လာ ၁ဝဝဝ ထက်မပေးရအောင်စီစဉ်နေတယ်လို့ သတင်းတွေကဆိုပါတယ်။

မှတ်ချက်။ မြန်မာပြည်မှာ ဆေးဈေးနဲ့ဝယ်ရမယ့်နေရာကို မသိပါ။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၃ဝ-၈-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး