Curse of 2008 ဖွဲ့စည်းပုံကျိန်စာသင့်ခြင်း

နေပြည်တော်က ရုတ်ရုတ် ရုတ်ရုတ်သတင်းကို ပြောနေကြတယ်။ အမျိုးမျိုးပေါ့။ ရေဒီယိုတွေက တင်ထားတာကတော့ ခိုင်မာမှုပိုပါမယ်။ ဖမ်းတဲ့သတင်းနောက်မှာ အဖမ်းခံရသူအုပ်စုက အသာစီးရတယ်လို့လည်း ရေးကြတယ်။

ရှုတ်ထွေးနေပေမယ့် ရှင်းရှင်းလင်းလင်းရှိတာလည်း သိရမယ်။ သူတို့ကြားမှာသာ ရှုတ်နေတာဖြစ်တယ်။ ၂ဝဝ၈ ကနေ လူထုကိုကန့်ထားလိုက်ပြီး သူတို့ကိုတော့ခွဲလိုက်တယ်။ ယူနီဖေါင်းဆက်ဝတ်သူနဲ့ ချွတ်လိုက်သူ။ အခုဟာက အဝတ်ချွတ်ပါတီထဲမှာ ဗိုလ်လုနေကြတာ။

၂ဝ၁၅ ကနေသူတို့ကို ထပ်ခွဲလိုက်တယ်။ လက်ရှိကနေဆင်းပေးတာမျိုးဟာ သူတို့အတွက်အဆန်းဖြစ်နေတယ်။ ၂ဝဝ၈ အရ သူ့အလှည့်လို့ထင်ထားသူကလည်း အသေအလဲလုပ်တော့ အုပ်စုရယ်လို့ဖြစ်လာစေတယ်။

ဘယ်သူက အသာစီးရလာလာ တိုင်းပြည်အတွက်ကတော့ ဒုံရင်းကနေရှေ့ရွေ့စရာမရှိပါ။ အဲဒီအရွေ့ဆိုတဲ့စကားလုံး  ဘယ်လိုနာမည်ကြီးကနေသုံးသုံး ကျွန်တော်က လုံးလုံးသဘောမတူပါ။ လူထုအတွက်လည်း အကျိုးများစရာမရှိ၊ ပွဲကြည့်စဉ်အထိတော့ ခဲမိုးရွာစရာမရှိပါ။ ၂ဝဝ၈ ကျိန်စာသင့်တာသာဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၁၂-၈-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး