Facebook has a billion users in a single day

ဖေ့စ်ဘွတ်သုံးစွဲနေသူပေါင်း တနေရတည်းမှာ သန်းတထောင်အထိရောက်တယ်လို့ ဖေ့စ်ဘွတ် ကုမ္ပဏီတည်ထောင်သူ (မာ့ခ် ဇူကာဘဂ်) ကနေ ပြောလိုက်ပါတယ်။ ကမ္ဘာပေါ်မှာ လူသား ၇ ယောက်မှာ ၁ ယောက်နှုန်းက ဖေ့စ်ဘွတ်ကို သုံးနေကြပြီတဲ့။ သန်းပေါင်း ၁၅ဝဝဝ လောက်ဟာ တလမှာတခါအနည်းဆုံးဖေ့စ်ဘွတ်သုံးနေကြတယ်။ တရက်တည်းမှာ အများဆုံးသုံးကြတာက အခုကြာသပတေးနေ့ဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ကုမ္ပဏီကို ဟားဗတ်ကျောင်းသား (မာ့ခ် ဇူကာဘဂ်) ကနေ ၂ဝဝ၄ မှာစပြီးထူထောင်ပါတယ်။

ဒီစာဖတ်နေသူဟာ အဲဒီနေ့က လူပေါင်း သန်းတထောင်ထဲကတယောက်ဖြစ်မှာပါ။ ကိုယ့်ဖေ့စ်ဘွတ်ကို ကိုယ်ပိုင်တယ်။ အကောင်းဆုံးဆိုတာကို တင်ခဲ့မယ်လို့သိတယ်။

လာမယ့် နိုဝင်္ဘာ (၈) ရက်နေ့မှာ လူကြီးမင်းဟာ မြန်မာပြည်က လူပေါင်း ၃၂ သန်းလောက်ထဲကတယောက်ဖြစ်မှာပါ။ ကိုယ့်မဲကို ကိုယ်ပိုင်တယ်။ အကျိုးအရှိဆုံး အသုံးချလိမ့်မယ်လို့လည်း တထစ်ချယုံကြည့်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၈-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး