Pamela Anderson အသည်းရောင်စီနဲ့ မင်းသမီး

၂၇-၈-၂ဝ၁၅ နေ့စွဲနဲ့ထွက်လာတဲ့ သတင်းကတော့ ဟောလိဝုဒ်ရုရှင်မင်းသမီး (ပမ်းမလာ အင်ဒါဆင်) ဟာ သူ့မှာ ကူးစက်ခံထားရတဲ့ အသည်းရောင်စီပိုးကို တလအတွင်းပျောက်အောင်ကုသနိုင်လို့မျှော်လင့်ကြောင်းပြောတာ ဖြစ်ပါတယ်။

Baywatch မှာသရုပ်ဆောင်တဲ့ မင်းသမီးမှာ အသည်းရောင် စီပိုးရှိနေတာ ၁၆ နှစ်တောင်ရှိပြီ။ ဆေးသစ်နဲု့မယ်လို့ ဆိုပါတယ်။ ရောဂါသိကာစ သူပြောတာက သေဒဏ်ချမှတ်ခံရသလိုခံစားရတယ်လို့ ဆိုပါတယ်။ သူ့အရင်ယောက်ျား Tommy Lee (တော်မီ လီ) နဲ့ ဆေးထိုးအပ်မျှသုံးခဲ့ရာကနေ ကူးစက်တာပါတဲ့။

အသည်းရောင် (စီ) ဟာ တဖြေးဖြေးချင်းသာတိုးတိုးလာတယ်။ အသည်းကိုဖျက်ဆီးတယ်။ အသည်းခြောက် စေနိုင်တယ်။ အသည်းကင်ဆာဖြစ်လာစေနိုင်တယ်။ တယောက်နဲ့တယောက်မှာ အသည်းကို ထိခိုက် ပျက်စီးစေတဲ့နှုန်း မတူကြပါ။

ယူအက်စ်မှာ လူ ၃့၂ သန်းမှာပိုးရှိနေကြတယ်။ ကလေးတွေမှာများတယ်။ တနှစ်ကုန်ရင် စီပိုးကြောင့် သေဆုံးရတာ ၁၅ဝဝဝ ယောက်ရှိတယ်။ စောစောကုသလေ သက်သာရာရလေဖြစ်တယ်။ သွေးကနေတဆင့်ကူးစက်တယ်။

ဒေါက်တာတင့်ဆွေ
၂၈-၈-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး