Cause and effect အကြောင်းနဲ့ အကျိုး
ကျွန်တော့်ပို့စ်တခု = Away from the mango tree သရက်ပင်
ကွန်မင့်တခု = Khin Khwar Nyo မြတ်စွာဘုရား ဘုန်းပေးလို့မရဖူး
ကွန်မင့်ပေးသူ ဘယ်ဘာသာတရားကို ကိုးကွယ်သလည်းတော့ မသိပါ။ ဘယ်ဘာသာမှ မယုံသူလည်း ဖြစ်ကောင်း ဖြစ်ပါမယ်။ ကိစ္စမရှိပါ။ အမျိုးမျိုးရှိကြတာပါ။
(က) ကိုယ့်မျက်စိအောက်မှာမရှိတဲ့ ဒါမှမဟုတ် ကွယ်လွန်ပြီးဖြစ်တဲ့ အမျိုး၊ မိတ်ဆွေတယောက်ယောက်ကို အမှတ်ရလို့ သူပြုပေးဖူးခဲ့တဲ့ ကျေးဇူရှိတာကို အောက်မေ့ပြီး စိတ်ထဲကနေ ကျေးဇူးတင်နေတာမျိုး၊ ဒါမှမဟုတ် (ခ) ငယ်ငယ်တုံးက စာသင်ပေးလိုက်တဲ့ဆရာ-ဆရာမကျေးဇူးကိုအောက်မေ့တာမျိုး၊ ဒါမှမဟုတ်ရင် (ဂ) အနားမှာမရှိတဲ့ (ကွယ်လွန် သွားပြီဖြစ်တဲ့) တယောက်ယောက်ကို စိတ်ဆိုးစရာရှိလို့ ဒေါသထွက်မိတာမျိုးရှိတတ်ပါတယ်။ အဲလိုဖြစ်နေချိန်မှာ (၁) ကောင်းစိတ်ဖြစ်ဖြစ် မကောင်းစိတ်ဖြစ်ဖြစ် ဖြစ်တဲ့သူမှာ မျက်မြင်သက်ရောက်မှုရှိမယ်။ (၂) မျက်မြင်မဟုတ်တဲ့ သက်ရောက်မှုလည်းရှိတယ်။ ဒုတိယအချက်ကို လက်မခံလိုသေးရင်လည်း ထားနိုင်ပါတယ်။
နောက်တဆင့်ဆက်ပါရစေ။ (က) ဘုရားဆွမ်းတော်ကပ်လိုက်သူမှာ ကောင်းစိတ်က မျက်မြင်သက်ရောက်မှုရှိမယ်။ မျက်မြင်မဟုတ်တဲ့သက်ရောက်မှုလည်းရှိတယ်။ (ခ) သူများကောင်းမှုပြုတာကို မြင်သိရသူကပါ ကောင်းတယ်လို့ယူရင် မျက်မြင်သက်ရောက်မှုရှိမယ်။ မျက်မြင်မဟုတ်တဲ့ သက်ရောက်မှုလည်းရှိတယ်။ (၈) တကယ်လို့ အဲလိုကောင်းမှုပြုတာကို ပြစ်တင်စိတ်ဖြစ်ရင်တော့ ကောင်းစိတ်မဖြစ်ပေါ်ပါ။ (ဃ) ကောင်းစိတ်လည်းမဟုတ်၊ မကောင်းစိတ်လည်းမဟုတ်ပဲ ဒွိဟသံသယစိတ်ဖြစ်နိုင်တယ်။
သံသယစိတ်ကနေ စူးစမ်းမှု ပြုချင်ပြုလိမ့်မယ်။ အကျိုးရှိလာနိုင်တယ်။ စိတ်ထဲမှာသိလာမြင်လာရင် အလင်းရောင် ဖြတ်ကနည်းလက်သလို အမြင်တခု ရလာနိုင်တယ်။ အချိန်ကြာချင်ကြာနိုင်တယ်။ တသက်တဘဝမှာ မရတာလည်း ဖြစ်နိုင်တယ်။ နောင်ဆိုတာရှိပါတယ်။
မိမိမြင်သိယူဆထားတာသည်သာလျှင် အဆုံးစွန်မှန်နေပြီ၊ မိမိအတွက်ထပ်သိဖို့မလိုတော့ပြီလို့ ယူဆသူတွေလည်းရှိတယ်။ အဲလိုပြူမူတာဟာ မပြည့်သေးတဲ့ခွက်ထဲ ထပ်မဖြည့်တော့ပဲ မိမိလက်နဲ့ဖုံးထာသလိုသဘောနဲ့ အလားတူးတယ်။
နောက်ဥပမာတခုလည်း ပေးပါရစေ။ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုကိုဖြစ်ဖြစ် အနော်ရထာရုပ်တုကိုဖြစ်ဖြစ် တည်ထားခြင်းကို ကွယ်လွန်သွားသူ၊ နတ်ရွာစံသူတို့က မသိကြပါ။ ဒါပေမယ့် မြင်သူတွေအပေါ် အကျိုးသက်ရောက်မှုတွေ ရှိစေနိုင်တယ်။ ဖာသိဖာသာနေသူလည်းရှိပါတယ်။ ဆဲရေးသူလည်းရှိနိုင်တယ်။ ဖျက်ဆီးပြစ်ချင်သူလည်းရှိနိုင်တယ်။ ၆ ရာစုကတည်းက တည်ထားကိုးကွယ်ခဲ့တဲ့ ပေ ၈၂ဝဝ အမြင့်ရှိတဲ့ အာဖကန်စနစ်တန်က ဘာမီယန်ဗုဒ္ဓရုပ်တုတော်တွေကို တာလီဘန် တွေကနေ ၂ဝဝ၁ ခုနှစ်မတ်လမှ ဒိုင်းနမိုင်းနဲ့ဖြိုခွဲခဲ့တယ်။
ခြုံပြောရရင် လောကကြီးထဲမှာ မတူခြားနားလွန်းတဲ့ အသိ-အမြင်-အလုပ်တွေ ရောထွေးနေတယ်။ အသိကနေ ကာယကံမှုပြုတာကို ဦးဆောင်စေတာကတော့ မကွဲပြားပါ။ အဲတာကြောင့် ဘယ်အရာမဆို အသိကိုတိုးစေဖို့ရာ မပြည့်သေးတဲ့ခွက်ကို ပိတ်မထားရပါ။
ဗုဒ္ဓဘာသာဝင်မှမဟုတ်ပါ တခြားဘာသာအယူဝင်တွေမှာလည်း ဘာသာတရားအရ လိုက်နာလုပ်ဆောင်မှုတိုင်းမှာ ဆိုင်ရာ အကျိုးရကြပါမယ်။ ဘယ်ဘာသာတရားမှ မယူသူဆိုရင် မယုံကြည်မှုအကျိုးသက်ရောက်ပါမယ်။
ဒေါက်တာတင့်ဆွေ
၉-၈-၂ဝ၁၅

Comments
Post a Comment