Professional Ethics စောင့်ထိန်းအပ်သော

(တနှစ်တခါ ဒီရက်မှာတင်ဖြစ်တဲ့စာ)

• ကိုယ်ရေးကိုယ်တာ မေးလာကြလို့၊ အဝေးမှာနေရပေမဲ့ တွေးနေစရာမလိုဘဲသိပါသည်။ မမြင်ကွယ်ရမှာ ဖြစ်နေတာမေးလာလို့၊ အထဲမှာမနေရပေမဲ့ ထဲထဲဝင်ဝင်သိပါသည်။

• နာမည်နဲ့လိပ်စာမပါ သိချင်တာမေးပါရစေဆိုလို့၊ နေရာမသိ လာမကြည့်ရပေမဲ့ အထာအတိအကျသိရပါသည်။ ဒီတခါမှားသွားပါတယ်ဆရာ ကယ်ပါအုံးဆိုလို့၊ လူလုံးလှဘို့ရာ ကူဖုံးပေးထားရတာတွေရှိပါသည်။

• သူများတွေကို ဒုက္ခမပေးချင်ပါဆရာဆိုလာလို့၊ မျက်ရည်သုတ်နေရတဲ့ မုချတွေလည်းသိပါသည်။ ယူကြုံးမရတာ မေးလာကြလို့၊ လူအဖြစ်ရှုံးနေကြရမှန်းလည်းသိပါသည်။

• သမားကျင့်ဝတ်ဆိုတာ ဘယ်သူ့မှာဘာဖြစ်နေတာ မပြောသင့်တာ မပြောအပ်ပါ။ သားသမီးတို့၏အတွင်းရေးကို မျိုသိပ်ဖုံးဖိတတ်သော အမေကဲ့သို့ ကျင့်ကြံပါအံ့။ နီးသောဝေးသောမဟူ အတူထားသည့်မိခင်မေတ္တာမျိုးရှိနိုင်အောင် ကြိုးစားပါအံ့။ ပြန်စာရ၍ ကျန်းမာကြပါစေ။

ဒေါက်တာတင့်ဆွေ
၁-၇-၂ဝ၁၄
၂ဝ-၂-၂ဝ၁၅
၁၉-၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး