Latest Medical news နောက်ဆုံးရ ဆေးပညာသတင်းများ

၁။ Three dead in Venezuela after contracting Zika ဇီကာဗိုင်းရပ်စ်ကြောင့် ဗယ်နီဇွဲလားနိုင်ငံမှာ ၃ ယောက် သေဆုံးတယ်လို့ လွန်ခဲ့တဲ့ ၁ဝ မိနစ်သတင်းကဆိုပါတယ်။

၂။ Airports boost efforts to stop spread of Zika ဇီကာဗိုင်းရပ်စ်ရပ်တန့်နိုင်ရေး လေဆိပ်လုံခြုံရေးကို တိုးထားတယ်လို့ လွန်ခဲ့တဲ့ (၃) နာရီကလာတဲ့ မွန်ထရီရယ်အခြေစိုက် ကုလလေကြောင်းဌာနကဆိုပါတယ်။

၃။ IOC medical chief seeks to allay Zika fears အိုလံပင်ကော်မတီ ဆေးပညာအကြီးအကဲ ဒေါက်တာ (ရစ်ချတ် ဘတ်ဂျက်) ကနေ ဘရာဇီးအိုလံပစ်ပွဲတော်အတွက် ဇီကာဗိုင်းရပ်စ်ရန်ကနေကာကွယ်နိုင်ဖို့ လုပ်သင့်တာတွေ အကုန်လုပ်ထားတယ်လို့ ပြောကြောင်း လွန်ခဲ့တဲ့ (၉) နာရီသတင်းကဆိုပါတယ်။

၎။ Strongest evidence yet of effect on babies ဇီကာဗိုင်းရပ်စ်ကနေ ဗိုက်ထဲကကလေးကို သက်ရောက်စေတဲ့ သက်သေ ခိုင်ခိုင်မာမာတွေ့ထားပါတယ်လို့ လွန်ခဲ့တဲ့ (၁၁) နာရီသတင်းကဆိုပါတယ်။ အမေရိကန် ရောဂါထိန်းသိမ်းရေး ဌနက ဒေါက်တာ (တွမ် ဖရီးင်) ကနေ ဝါရှင်တန်မှာ အမတ်တွေရှေ့မှာ အစီရင်ခံရှင်းပြခဲ့တာဖြစ်ပါတယ်။

၅။ Zika Virus Linked to Eye Damage Too ဇီကာဗိုင်းရပ်စ်ဟာ မျက်စိကိုလည်းထိခိုက်စေတယ်လို့ မနေ့က သတင်းက ဆိုပါတယ်။ ဘရာဇီးမှာလေ့လာတွေ့ရှိချက်ကို JAMA Ophthalmology မျက်စိရောဂါဂျာနယ်မှာ ရေးလိုက်တာပါ။

၆။ Cholesterol-Lowering Drugs May Be Linked to Diabetes ကိုလက်စထောကျဆေးကနေ ဆီးချိုဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ လွန်ခဲ့တဲ့ (၈) နာရီသတင်းကဆိုပါတယ်။ statin ဆေးတွေလို့ခေါ်ပါတယ်။ atorvastatin (Lipitor and generic), rosuvastatin (Crestor) နဲ့ simvastatin (Zocor and generic) ဆေးတွေကိုပြောတာဖြစ်ပါတယ်။ အဲလိုဆေးမျိုးကို ၄ နှစ်ကြာ သောက်ထားသူတွေထဲက ၄့၉% ဟာ ဆီးချိုဖြစ်လာတယ်။ ဆေးမသောက်သူတွေထဲက ၄့၅ သာဆီးချိုဖြစ်တယ်။ နောက်လေ့လာမှုတခုမှာတော့ ဆေးမသောက်သူထဲက ၁၉% သာ ဆီးချိုဖြစ်လာပြီး ဆေးသောက်သူ ၃၁% ကဆီးချိုဖြစ်ပါတယ်။ သူတို့ဟာ ဆေးကို ၅ နှစ်ခွဲကြာ သောက်ခဲ့သူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဆေးရဲ့ ကောင်းကျိုးဟာ ဆိုကျိုးထက်ပိုလို့ ဆေးသောက်ဘို့သင့်တယ်လို့ တက်ဆပ်စ်မြောက်ပိုင်း ဆေးရုံက ဒေါက်တာ (အစ်ဟခ် မန်စီ) ကပြောပါတယ်။

ဒေါက်တာတင့်ဆွေ
၁၁-၂-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး