Grammar mistake သဒ္ဒါအမှား ခေတ်စကားမဟုတ်

၁။ ပေးဖတ်ပါလားလို့ပြောတာ ခဏခဏကြားရတယ်။ သဒ္ဒါမှားနေတယ်။
ပေး = ပေးကမ်း၊ ပေးချေ၊ ပေးဆပ်၊ ပေးလျော်၊ ပေးအပ်သာရှိတယ် ပေးဖတ်လို့မရှိပါ။

၂။ တခုခုပျောက်သွားတယ်ပြောတာကို၊ ဘယ်သူကပျောက်ခိုင်းတာလည်းလို့ ပြန်မေးတယ်။ အဲတာလည်း သဒ္ဒါမှားနေတယ်။
• ခိုင်း = အလုပ်စေခိုင်း၊ ခိုင်းနှိုင်း၊ သူများခိုင်းဖတ်၊ အခိုင်းအစေ။
• ပျောက် = ပျောက်ခြင်းမလှပျောက်၊ ပျောက်ဆုံး၊ ပျောက်ပျက်၊ ပျောက်ပြယ်၊ ပျောက်ရှ။
• ကောင်းမွန်စွာဆေးကုသပေးသဖြင့် ရောဂါဝေဒနာပျောက်သွားသည်။ ဖျောက်ပြစ်လို့ ပျောက်သွားသည်။

၃။ ကျမ ထမင်းမကြိုက်ဘူးဖြစ်နေတယ်ဆရာလို့ လူနာကပြောရင် အေ့း့ ခေါက်ဆွဲကြိုက်လိုက်လို့ ရီစရာပဲ ပြန်ပြောမိတယ်။

၎။ ပေးစားမလားဆိုတော့ ရီချင်မိတယ်။ လက်ထပ်ယူချင်လို့ လာတောင်းနေသလိုပဲ။ သဒ္ဒါအမှား ခေတ်စကားမဟုတ်ပါ။

ပုံထဲမှာ (အဖိုး စားရအောင်) လို့ပြောရမှာကို (ကော်မာ) မပါပဲရေးရင် (အဖိုးကို စားရအောင်) ဖြစ်သွားမယ်။ သဒ္ဒါမှားရေး၊ မှားပြောရင် လူအသက်တောင် ဆုံးရှုံးစေနိုင်တယ်။

ဒေါက်တာတင့်ဆွေ
၁၉-၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး