Native beauty ကိုယ့်ဌာနေဝန်းကျင်မှာကွယ် တကယ်အလှရှိတယ်

မျှော်ကိုးချက်နဲ့ နေရပ်ကိုအပြီးအပိုင် စွန့်ခွါသွားတောသူတွေ ရှိတယ်။ ပျော်ရာမှာမနေရလို့ တော်ရာကို သွားကြရသူတွေ ရှိတယ်။ ဇာတိကို လွမ်းမနေတော့ဘဲ၊ ငယ်တုံးကအကျင့်ဓလေ့တွေ သိမ်းဆီးထားမနေတော့ဘဲ၊ တွေ့တာကိုသာ ကိုယ်ပိုင် လုပ်ပြစ်လိုက်ကြသူတွေ ရှိတယ်။ ဘယ်မှာနေရနေရ ဇာတိဘဝနဲ့ ငယ်တုံးကစရိုက်ကို တရှိုက်မက်မက် မမေ့နိုင်ကြသူတွေရှိတယ်။

အာဟာရ၊ ဥပမာ သက်သပ်လွတ်စားတဲ့သူတွေက အသားဓါတ်ကို တမင်တကာရှောင်ကြတယ်။ အရသာ၊ ဥပမာ အစပ်မစားသူတွေက အစပ်အရသာနဲ့ အကျိုးကို တမင်တကာရှောင်ရာကြတယ်။ အာဟာရအစုံ၊ အရသာစုံကို မခံစားနိုင်ကြသူတွေဖြစ်တယ်။

မတည့်လို့မစားရတာက တမျိုး။ သမားတော်ကနေ လိုတာဖြည့်ပေးနိုင်တယ်။ တရားသဘောနဲ့ချင့်ချိန်ရင် တမျိုး။ ဓမ္မဆရာကနေ ပိုတာကိုပယ်ခိုင်းမယ်။

ကိုယ့်မြေ၊ ကိုယ့်ရပ်၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်အငွေ့အသက်ကို မြတ်နိုးတွယ်တာ၊ ခုံမင်တမ်းတတတ်သူတွေဟာ အရသာစုံ၊ ရသအပြည့်ကို ခံစားနိုင်ကြသူတွေဘဲ။ ဇာတိမြေကို မေ့သွားသူတွေကြောင့် ဇာတိမြေရဲ့အလှ ကျမသွားပါ။ ဇာတိမြေကို မမေ့ကြသူတွေကြောင့် ဇာတိမြေရဲ့အလှ တက်ကြွစေတယ်။

ဒေါက်တာတင့်ဆွေ
၁၈-၃-၂ဝ၁၄
https://www.youtube.com/watch?v=3XJiYHKz2rc

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ