Men face higher risk of cancers linked to oral practice

လွန်ခဲ့တဲ့ (၁ဝ) နာရီကထွက်လာတဲ့ ဆေးပညာသတင်းပါ။ HPV (human papillomavirus) ကြွက်နို့ဗိုင်းရပ်စ်ကနေ ကင်ဆာဖြစ်စေနိုင်ပါတယ်။ သားအိမ်ဝကင်ဆာကိုဖြစ်နိုင်လို့ HPV ကာကွယ်ဆေးကို အသက် ၉ နှစ်ကနေ ၂၆ နှစ်အထိ မိန်းကလေး-အမျိုးသမီးတိုင်းကိုထိုးပေးပါတယ်။ လိင်အင်္ဂါကြွက်နို့ သာမဟုတ်ပါ ခံတွင်းကနေကူးစက်ရင် ခံတွင်းကင်ဆာ ဖြစ်စေနိုင်ပါတယ်။

နောက်ဆုံးဆေးသုတေသနအရ ပါးစပ်ကိုလိင်ဆက်ဆံရာမှာသုံးလို့ ခံတွင်းကင်ဆာဖြစ်စေတာ ယောက်ျားတွေမှာ ၂ ဆ ပိုတယ်လို့ သိလာရပါတယ်။ American Association for the Advancement of Science (AAAS) အသင်းရဲ့ နှစ်စဉ်ကွန်ဖရင့်မှာ အဲလို ထုတ်ဖေါ်တင်ပြလို့ သိလာရတာဖြစ်ပါတယ်။

ဆေးသုတေသနလုပ်ကြတဲ့ အနောက်နိုင်ငံတွေမှာ ခံတွင်းကင်ဆာဖြစ်သူ ၃ ယောက်မှာ ၂ ယောက်ဟာ HPV 16 strain ပိုးအမျိုးအစားနဲ့ဆက်စပ်နေပါတယ်။ အဲတာကလည်း လူလတ်ပိုင်းမှာများတယ်။ ဒီအရွယ်တွေဟာ သူတို့ထက် အသက်ကြီးကြသူတွေခေတ်မှာထက် လိင်ဆက်ဆံရာမှာ ပါးစပ်ကိုသုံးကြတာလည်းဖြစ်ပါတယ်။ အမျိုးသမီးတွေမှာတော့ အဲလိုအလေ့အထများပေမယ့် ခံတွင်းကင်ဆာပိုဖြစ်လာတာမတွေ့သေးပါ။ ထူးခြားတာက ဗဂျိုင်းနာလမ်းကနေ ဆက်ဆံဖက်များတဲ့ အမျိုးသမီးတွေမှာ ခံတွင်းကင်တာဖြစ်တာ ပိုတောင်နည်းနေတာတွေ့ရပါတယ်။ ရောဂါပြီးမှုရထားလို့လား စဉ်းစားပါတယ်။ ယောက်ျားတွေမှာတော့ အဲလိုမရကြပါ။

HPV infection ကြွက်နို့ပိုးကူးစက်ခံရမှု များလာနေပါတယ်။ ဒ့ပေမယ့် ၁-၂ နှစ်နေရင် ပိုးကင်းရှင်းသွားကြတာများပါတယ်။ မပျောက်နိုင်သူတွေမှာတော့ ဆဲလ်မြူတေးရှင်းခေါ် မူပြောင်းလဲမှုဖြစ်ရာကနေ ကင်ဆာဖြစ်လာကြတယ်။

American Medical Association (JAMA) အဆိုအရ လိင်ဆက်ဆံရာမှာ ပါးစပ်ကိုသုံးသူတွေမှာ ခံတွင်းကင်ဆာဖြစ်ဘို့ ၂၂% ပိုများတယ်။ လွန်ခဲ့တဲ့ နှစ် ၂ဝ အတွင်းမှာ ၂၂၅% တိုးလာတယ်။ (သတင်းအတွက် နားလည်မှုပေးကြပါရန်။)

ဒေါက်တာတင့်ဆွေ
၁၄-၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး