Women, Infants and Children အမျိုးသမီး + မွေးစကလေး + ကလေး

ချမ်းသာတိုးတက်တဲ့နိုင်ငံတွေမှာ ချမ်းသာကြွယ်ဝမှုကို တိုင်းသူပြည်သာတွေအတွက် ဘယ်လိုအသုံးချသလည်း။ နမူနာတွေထဲက တခုကိုပြောပါရစေ။ ကနေ့မနက် ချွေးမတယောက် WIC ကနေပြန်လာပြီး အိမ်ကိုဝင်လာတယ်။ သူက ကိုယ်ဝန်ဆောင်နေသူ။ WIC ကနေပေးလိုက်တဲ့ ပုံပါစာရင်းစာရွက်ကိုယူကြည့်တယ်။ WIC ဆိုတာ Women, Infants and Children (အမျိုးသမီး + မွေးစကလေး + ကလေး) ဖြစ်ပါတယ်။

ဒီတိုင်းပြည်ကပြည်နယ်အားလုံးမှာ ကိုယ်ဝန်ဆောင်၊ မွေးစကလေးတွေနဲ့ ကလေးအားလုံးကို အခမဲ့ထောက်ပံ့နေတယ်။ ဖက်ဒရယ်အစီအစဉ်အရလုပ်ပေးတာပါ။ ဝင်ငွေနည်းတဲ့မိသားစုဆိုရင် ပိုရကြတယ်။ ကိုယ်ဝန်ဆောင်ချိန်၊ မီးဖွါးပြီးချိန်၊ ကလေးနို့တိုက်ချိန်၊ မွေးစကလေးနဲ့ အသက် ၅ နှစ်အထိကလေးတိုင်းအတွက် ဖြစ်တယ်။ WIC program ကို Special Supplemental Nutrition Program လို့လည်းခေါ်တယ်။ အာဟာရအသိပညာ၊ ဖြည့်စွက်စာ၊ မိခင်နို့တိုက်ရေး အားပေးမှုနဲ့ ထောက်ကူပေးမှု၊ ကျန်းမာရေးစောင့်ရှောက်မှုတွေလုပ်ပေးပါတယ်။

အင်ဒီယာနာပြည်နယ်ကထောက်ပံ့ပေးတဲ့စာရင်း
- Dried and canned beans/peas, canned fish စည်သွပ်အစားအသောက်များ၊
- Soy-based beverages ပဲပုပ်ကနေထုတ်တဲ့ သောက်စရာများ၊
- Tofu, fruits and vegetables တို့ဖူး၊ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်များ၊
- Baby foods ကလေးအစားအစာ၊
- Whole-wheat bread and other whole-grains ဖွေးဖြူအောင်လုပ်မထားတဲ့ဂျုံနဲ့ အစေ့အဆံတွေကနေလုပ်တဲ့ ပေါင်မုန့်၊
- Infant cereal ကလေးငယ်အတွက် အစေ့အဆံအစာတွေ၊
- Iron-fortified adult cereal မိခင်-မိခင်လောင်းအတွက် သံဓါတ်ဖြည့်အစေ့အဆံအစာတွေ၊
- Ready-to-eat cereals (Corn flakes, bran flakes) အသင့်စားသုံးနိုင်တဲ့ ပြောင်းကနေလုပ်တဲ့အစာတွေ၊
- Instant and regular hot cereals (Oatmeal, grits, cream of wheat) အသင့်စားသုံးနိုင်တဲ့ အပူစားအုတ်စပါးနဲ့ ဂျုံကနေလုပ်တဲ့စားစရာတွေ၊
- Vitamin C-rich fruit or vegetable juice ဗီတာမင်စီာကွယ်ဝတဲ့ အသီးတွေနဲ့ အသီးရည်တွေ၊
- Eggs, peanut butter ကြက်ဥနဲ့ မြေပဲထောပတ်၊

Cheese ဒိန်ခဲအမျိုးမျိုး
- Pasteurized Processed American cheese
- Brick
- Natural Cheddar
- Colby
- Monterey Jack
- Mozzarella - part skim or whole
- Muenster
- Provolone
- Swiss
- Blends of approved cheeses, e.g., CoJack, are authorized

Milk နွားနို့အမျိုးအစားများ
- Whole, reduced fat, low-fat, or nonfat milk
- Cultured buttermilk
- Evaporated, Dry: Calcium-fortified milk
- Lactose-reduced and lactose-free milk
- Acidified milk
- Shelf stable milk
- Flavored or unflavored milk

မွေးစကလေးနဲ့ ကလေးငယ်တွေအတွက် အဝတ်အစားတွေနဲ့ အသုံးအဆောင်အမျိုးကိုလည်းပေးတယ်။ ပေးသမျှဟာ Absolutely 100% FREE forever ရာသက်ပန် ၁ဝဝ% အခမဲ့သာဖြစ်တယ်။

မြန်မာပြည်မှာလည်း ဓါတ်ငွေ့တွေကနေ မိခင်နဲ့ကလေးတွေအတွက် နို့မှုံ့နဲ့ နွားနို့တွေဖြစ်လာပါစေ။ ကျောက်စိမ်းတွေကနေ ဂျံ-ဆန်-ပြောင်းနဲ့လုပ်တဲ့ အစားအစာတွေဖြစ်လာပါစေ။ ပတ္တမြား-နီလာတွေကနေ အသီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေ ဖြစ်လာပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၁၉-၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး