Medicine market ransacked ဆေးတွေဖမ်းသတဲ့

မင်္ဂလာပါဆရာ။ ဒီရက်ပိုင်းမှာ ဆေးဆိုင်တစ်ချို့ အဖမ်းခံရတဲ့ကိစ္စကို ဆရာလည်းသိမှာပါ။ 7Day Dalily ဂျာနယ်က ရေးထားတဲ့အကြောင်းလေးကို ပုံပို့ပေးလိုက်ပါတယ်။ ကျွန်တော် ဆွေးနွေးလိုတာက ဒီလိုပါဆရာ။ အစိုးရက Vday မှာ လူငယ်အများစု ကာမစိတ်ကြွဆေးအသုံးမပြုစေရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖမ်းဆီးတယ်လို့သိရပါတယ်ဆရာ။ sildenafil ပါတဲ့ဆေးတွေကို ကာမစိတ်ကြွဆေးလို့ မသတ်မှတ်သင့်ဘူးလို့ ကျွန်တော်တွေးမိတယ်။ ဘာလို့လည်းဆိုတော့ စိတ်ကြွဆေးလို့သုံးနှုန်းလိုက်တာနဲ့ လူအများစုက မူးယစ်ဆေးအုပ်စုတားမြစ်ဆေး / တရားမဝင်ဆေးလို့ ထင်မြင်ယူဆ တတ်ကြပါတယ်ဆရာ။ sildenafil ကို တရားဝင်မှတ်ပုံတင်ထားတာတွေတော့ ကာမစိတ်ကြွဆေးလို့ မသတ်မှတ်ဘူး။ မှတ်ပုံတင်ထားတဲ့ဆေးတွေ မဖမ်းဘူး။ ဒါဆို မေးစရာဖြစ်နေတာက မှတ်ပုံတင်မရှိတဲ့ဆေးတွေကို ဖမ်းတာလား Vday မှာ စုံတွဲတွေကို အသုံးမပြုနိုင်အောင် လုပ်တာလားဆိုတာ စဉ်းစားစရာဖြစ်နေပါတယ်။ မှောင်ခိုဝင်လာတဲ့ကာမဆေးတွေက အများအားဖြင့် ဈေးသက်သာပါတယ်။ ဒါကြောင့် သုံးစွဲသူတွေက ဈေးသက်သာတဲ့မှောင်ခိုဆေးကို သုံးနေကြတာပါ။ ကျွန်တော် အမြင်ကတော့ ချစ်သူစုံတွဲတွေ အဲဒီနေ့မှာမှောင်ခိုဆေးဝယ်မရတာပဲ ဖြစ်နိုင်ပါတယ်။ တကယ်တော့ မှောင်ခို ကာမအားဆေးတွေမှာ စိတ်ကြွဆေးဆိုတာမပါဘူးဆရာ။  စိတ်ကြွမူးယစ်ဆေးကို သုံးစွဲနေကြတဲ့ ဆေးသမားအုပ်စုနဲ့ ကျွန်တော်တို့ ဆေးဆိုင်သမားတွေနဲ့ ဘာမှမသက်ဆိုင်ပါဘူးဆရာ။ ကျွန်တော်အမြင် ကျွန်တော်ခံစားချက် ပြောပြတိုင်ပင်တာ သက်သက်ပါပဲဆရာ။ ကျေးဇူးတင်ပါတယ်။

ဟုတ်။ ဆေးတွေပါတဲ့ပုံကို သိမ်းထားတာ တပါတ်လောက်ရှိပြီ။ စာမရေးဖြစ်ပါ။ အခုတော့ ရေးပါရစေ။ ဒီသတင်းမျိုး အရင်နှစ်မှာလည်းထွက်ခဲ့ပါတယ်။ ဆရာဝန်အနေနဲ့ပြောစရာက ဆေးအမျိုးအစားနဲ့ ဆေးအတု-အစစ်။

မနက်အိပ်ယာထတာနဲ့ အီးမေးလ်ကနေလာတဲ့မေးခွန်းတွေကိုအရင်စပါတယ်။ ကိုယ်ဝန်ဖျက်ဆေး Cytotec ဆေး၊ Misoprostol + Mifepristone ဆေးအတွဲနဲ့ Ecee-2 အရေးပေါ်တားဆေးကို ဖြေရပါတယ်။ တယောက်မကပါ။ ရောဂါဆိုတာ စုဖြစ်လေ့ရှိတာကို လာတဲ့မေးခွန်းတွေအရသိနေပါတယ်။ ပန်းသေပန်းညှိုးနဲ့ ယောက်ျားပြီးစီးမှုမြန်ခြင်း တွေလည်း မေးကြပါတယ်။

တားမြစ်ဆေးဆိုတာဘာလည်း။ တိုင်းပြည်တွေမှာ သတ်မှတ်ချက် မတူကြပါ။ ဥပဒေစိုးမိုးမှုရှိတဲ့ဆီမှာ လိင်ပိုင်းဆိုင်ရာ ဆေးမှန်သမျှ ဆရာဝန်လက်မှတ်နဲ့သာရောင်းရပါတယ်။ အဲလိုသတ်မှတ်ခြင်းဟာ စနစ်တကျသုံးစေဘို့ ရည်ရွယ်ပါတယ်။ ဆေးသုံးစွဲသူကို ဆေးရဲ့ဘေးထွက်ဆိုးကျိုးသိစေအောင်ပြောမယ်။ ဆေးအလေးချိန်မှန်တာကိုပေးမယ်။ တချို့ဆေးတွေကို ဥပမာ ကိုယ်ဝန်ဆောင်ကို အဆင့် (အေ)၊ (ဘီ)၊ (စီ) စသဖြင့် သတ်မှတ်ထားလို့ ဆေးအကျိုးနဲ့ အဆိုးကိုချိန်ဆပြီးမှ ဆရာဝန်ကညွှန်မယ်။ သွေးလွှတ်ကြောကျဉ်းနေသူကို Viagra လို ယောက်ျားပန်းသေပန်းညှိုးဆေးနဲ့ ကိုယ်ဝန်တားဆေး ရွေးပေးပါတယ်။

မြန်မာပြည်မှာက အဲဒီအဆင့်ရောက်ဘို့ အတော်ကိုကြာအုန်းမယ်။ ဒီတော့ ကနေ့အခြေအနေမှာ ကျန်းမာရေးအသိ ရှိနေဘို့သာတတ်နိုင်လို့ ဆေးစာတွေကို အကြောင်းအရာအစုံရေးပါတယ်။ လိင်ပိုင်းဆိုင်ရာစာတွေကိုရေးလို့ နာမည်ဖျက်ခံရတာ သိပါတယ်။ ဆက်ရေးနေပါတယ်။

နောက်တချက်က ဆေးအတုနဲ့ အရည်အသွေးမမီတဲ့ဆေး။ ရေးထားပြီး ဆေးပညာစာအရေအတွက်မနည်းတော့ပါ။ မြန်မာပြည်မှာက အများအားဖြင့် ငွေကြေးမတတ်နိုင်ကြပါ။ ဆေးကို မူရင်း (ပေးတင့်) နာမည်နဲ့ထုတ်တဲ့ ကုမ္ပဏီတွေက ဆေးကြီးတယ်။ ဥပမာ ပုံထဲက Viagra ဆေး။ ဒါကြောင့် ဆေးလည်းမှန်ပြီး ဈေးသင့်တဲ့ဆေးကို ညွှန်ပေးနေရပါတယ်။ ဥပမာ Viagra အစား Vigora, Kamagra ဆေး။ Cialis ပန်းသေပန်းညှိုဆေး။ ဆေးနာမည်ရင်းနဲ့ရောင်းရင် အတုတွေသာဖြစ်မယ်။

ဈေးကြီးတဲ့ဆေးတွေကို ဈေးချိုချိုနဲ့ထုတ်ကြတာလည်းရှိတယ်။ အဲလိုထုတ်တော့ ကောင်းတာလည်းရှိတယ်။ ဥပမာ အသည်းရောင်စီပိုးအတွက်ဆေးက အဆ (၁ဝဝဝ) လောက်သက်သာစေမယ်။ ဆိုးတာကတော့ ဆေးမစစ်တာနဲ့ ဆေးအလေးချိန်မမှန်တာပါ။ ပုံထဲကဆေး အတော်များများကို အဲလိုအမျိုးအစားလို့ ထင်မိတယ်။ အရေးယူသင့်တာကိုမယူတာနဲ့ အရေးမယူသင့်တာကိုယူတာ နှစ်ခုလုံးဖြစ်နေတယ်။ မနေ့ကပဲ (ကွန်ဒွမ်) ကိုပိတ်ပင်ကြောင်း ပြောလာတယ်။ ဒေါ်လာသန်းနဲ့တန်ဘိုးရှိတဲ့ မူးယစ်ဆေးတွေ တရားခံမမိတာနဲ့။ အရေးမပါသူကိုသာ ဖမ်းပြတာနဲ့။ ဘယ်နေရာတွေမှာ လိုအပ်နေသလည်း။ တန်းစီရေးချလို့ရတယ်။ ခေါင်ကနေစမယ်။ အုတ်မြစ်အထိပါတယ်။ ပြင်ခွင့်တော့သာလာပါပြီ။ ခက်တာက အဓိကဆိုင်တဲ့ ပြည်ထဲရေးကို ထိလို့မရသေးပါ။ အဂတိလိုက်စားမှုက နက်ရှိုင်းလွန်းတယ်။ စည်းစနစ်ကျမှုက အားနည်းလွန်းတယ်။ ဆင်းရဲမွဲတေမှုက နက်တယ်။ ရောဂါဝေဒနာတွေက ကိုယ့်တိုင်းပြည်ထက်ဆိုးတာ ကမ္ဘာမှာရှားတယ်။

ဆွေးနွေးချက်ကိုသာ တိုက်ရိုက်ဖြေရရင် သဘောမတူစရာမရှိပါ။ ညစ်ညမ်းဆေးနဲ့ မူးယစ်ဆေးတွေကလွဲရင် ဖမ်းဆီးမှု မလုပ်သင့်ပါ။ ဆေးအတုတွေကိုတော့ ဖမ်းဆီးသင့်ပါတယ်။ ကာကွယ်ရေးဆိုတာ ဖမ်းနည်းတခုတည်းနဲ့မပြည့်စုံပါ။ စီးပွါးရှာသူတွေကလည်း ဆင်ခြင်သင့်တယ်။ ဆေးရောင်းသူတွေနဲ့ သုံးချင်သူတွေပါ ကျန်းမာရေးအသိ ရှိနေကြစေချင်ပါတယ်။

• Counterfeit အတုရှိရာ အညံ့တွေလာ အဆိပ်တွေပါ http://doctortintswe.blogspot.com/2015/08/counterfeit.html

• Fake Medicines come from Neighbors ဆေးအတုတွေ ဘယ်ကနေလာသလဲ http://doctortintswe.blogspot.com/2015/01/fake-medicines-come-from-neighbors.html

• Fake Medicines from China and India (1) တရုပ်နဲ့ အိန္ဒိယကလာတဲ့ဆေးတွေ သတိပေးပါရစေ (၁) http://doctortintswe.blogspot.com/2014/11/fake-medicines-from-china-and-india-1.html

• Fake Medicines from China and India (2) တရုပ်နဲ့ အိန္ဒိယကလာတဲ့ဆေးတွေ သတိပေးပါရစေ (၂) http://doctortintswe.blogspot.com/2014/11/fake-medicines-from-china-and-india-2.html

• Fake medicines and China ဆေးအတုနဲ့ တရုပ်ပြည် http://doctortintswe.blogspot.com/2015/01/fake-medicines-and-china.html

ပုံထဲကဆေးတွေကိုကြည့်လိုက်ရင် ဆေးအတုတွေနဲ့ ကြော်ငြာဆေးတွေဖြစ်နေတာ တန်းသိပါတယ်။ အဲလိုဆေး မေးခွန်းတွေက အတော်ကိုများတယ်။ မဖြေရတဲ့နေ့ မရှိသလောက်ပါ။ ဒါတွေကိုတော့ ပေါ်ပေါ်ထင်ထင် ရောင်းနေကြတယ်။ ကျွန်တော်က မသင့်ဘူးလို့ရေးပါတယ်။ မဖမ်းပါ။

ဒေါက်တာတင့်ဆွေ
၁၄-၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး