Letrozole ဟော်မုန်းဆေး

၁။ ဆရာရှင့်ကျွန်မကအသက် ၂၉ပါ။ အိမ်ထောင်ကျတာ ၃ နှစ်ကျော်ပါပြီ။ ကလေးရဖို့အတွက် ရန်ကုန်မှာတော့ ဆရာဝန်နဲ့ ပြပါတယ်ဆရာ။ Clomiphene Citrate ဆေးအကြောင်းတော့ ဆရာရေးထားတာတွေဖတ်လို့ သိရပါတယ်ဆရာ။ ဗဟုသုတတွေရလို့ ကျေးဇူးတင်ပါတယ်ဆရာ။ ကျွန်မကို Letrozole 2.5mg (Leroz) ဆေးကို ၁ည ၁လုံး ၅ရက်စာ ပေးပါတယ်ဆရာ။ Letrizoleဆေးအကြောင်း သိချင်လို့ပါဆရာ။ Clomipheneနဲ့ကွာခြားချက်လေး တွေပါသိချင်ပါတယ်ရှင့်။ ကျေးဇူးတင်ပါတယ်ဆရာ။

၂။ ဆရာ ကျွန်မ အသက် ၃၇ပါ။ သားဥပြွန် ၂ဖက်လုံး ပိတ်လို့ ၆ လပိုင်း ၂၀၁၇ laparoscope လုပ်ထားတာ ပွင့်သွားပါသည်။ ကလေးမရသေးလို့ ဆရာဝန်ပြထားပါသည်။ ခုဆရာဝန်က မျိုးဥကြွေဆေးကို letrozole 2.5 mg ၁ည ၁လုံးနှင့် ၅ရက်သောက်ခိုင်းပါသည်။ အရင် ဆရာ ၁ယောက်ပေးတဲ့ ဆေးနှင့်မတူပါ။ Letrozole အကြောင်းလေး သိချင်လို့ပါဆရာ။ ကျွန်မ ဆေးအကြောင်း ရှာကြည့်ရာ ရင်သားကင်ဆာမှာ သုံးသည်ဟုတွေ့ရပါသည်။ မျိုးဥကြွေတာ မပါလို့ပါ ဆရာ။ ကျေးဇူးပါ။

၃။ ဆရာရှင် ကျမ မျိုးဥကြွေစေဖို့ ဤဆေးကို သောက်နေပါတယ်ရှင်။ ကျမအသက် ၃၈ထဲရောက်ပါပြီရှင်။ သားသမီး အရမ်းလိုချင်လို့ ပါရှင် ရာသီသွေးလည်း မမှန်ပါဘူးရှင်။ ရာသီသွေးလာပြီးချိန် ဆရာရဲ့ဆေးစာတွေထဲကအတိုင်း LH test စစ်ဆေးပါတယ်ရှင် poditive မပြပါဘူးရှင်။ ကျမ ဘာဆေးတွေ ဆက်သောက်သင့်ပါသလဲရှင်။ ကျမအတွက် သားသမီးမျှော်လင့်ချက် မရှိတော့မှာစိုးရိမ်နေရပါတယ်ရှင်။ ဆရာရဲ့ သားသမီးရဖို့ ဆေးညွှန်ကြားစာတွေ သေချာဖတ်ပါတယ်ရှင်။ ရာသီလာပေမယ့် မျိုးဥမကြွေတာ ဆေးသောက်လို့ ရပါသလားရှင်။

၎။ ဆရာရှင် Letroz က ဘာ့ကြောင့်သောက်ရတဲ့ဆေးပါလဲရှင်။

၅။ ဆရာရှင့် ယခုကလေးရရန်ထပ်ကြိုးစားနေပါတယ်။ ဆရာဝန်ကဒီတခါ Clomid မပေးပဲ ဆေးအသစ်ထပ်ပေးပါတယ်။ Letroz ဆိုတဲ့ဆေးပါ။ ၄ လစာပေးထားပါတယ်။ ဒါကြောင့် ဒီ Letroz ဆေးရဲ့အကျိုးအာနိသင်ကိုသိချင်ပါတယ်ဆရာ။ ဆရာကျန်းမာပါစေ။

၆။ သမီးကလေးလိုချင်လို့ OG ပြတာ အမျိုးသားရော အမျိုးသမီးကော ၂ ယောက်လုံးစစ်ပြီးပါပြီရှင့်။ ၂ ယောက်လုံး ကောင်းပါတယ်တဲ့။ ရာသီဒုတိယရက်ကနေစပြီး ၅ ရက် သောက်ဖို့ Letroz ပေးပါတယ်ရှင့်။ အဲ့ဒီသားဥကြွေဆေးရဲ့ ကောင်းကျိုးဆိုးကျိုးပြောပေးပါရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။

Letroz ဆေးဟာ Letrozole ဆေးဖြစ်တယ်။ အီစထိုဂျင်ဟော်မုန်းဆန့်ကျင်တဲ့ဆေးဖြစ်တယ်။ non-steroidal aromatase inhibitor အမျိုးအစားဖြစ်တယ်။ Femara နဲ့ Liquifem နာမည်တွေနဲ့လည်းလာတယ်။ ဟော်မုန်းနဲ့ဆိုင်တဲ့ ရင်သားကင်ဆာ ခွဲပြီးသူကိုလည်းပေးတယ်။ ကြေးစားအားကစားသမားတွေသုံးတယ်။ အရေပြားအဆီပျံတာ၊ ဝက်ခြံများတာ၊ ယောက်ျားရင်သားထွက်တာတွေကိုပေးတယ်။ ကိုယ်ခန္ဓာအလုပ်တွေကို များများလုပ်စေတယ်။ အဆီကို လောင်ကျွမ်းစေတယ်။ LDL ခေါ် ဆိုးတဲ့ကိုလက်စထော ကျစေတယ်။

ဘေးထွက်သက်ရောက်မှုတွေကို သတိထားရမယ်။ မျက်နှာနီမြန်တာ၊ ညချွေးထွက်တာ၊ အရိုးနာတာ၊ အစားပျက်တာ၊ ခေါင်းကိုက်တာ၊ ဗိုက်အောင့်တာ၊ ချောင်းဆိုးတာ၊ ရင်သားနာတာတွေဖြစ်နိုင်တယ်။ ကိုလက်စထောများတာ၊ အရိုးအားနည်းတာ၊ သွေးခဲတတ်တာ၊ နှလုံးရောဂါရှိတာ၊ သွေးတိုး၊ ကျောက်ကပ်ရောဂါ၊ အသည်းရောဂါရှိသူတွေကို မပေးသင့်ပါ။ ကိုယ်ဝန်ဆောင်နဲ့ ကလေးနို့တိုက်နေသူတွေကိုမပေးရပါ။

သွေးဆုံးအမျိုးသမီးတွေကိုလည်းပေးတယ်။ ဟော်မုန်းနဲ့ဆိုင်တဲ့ ရင်သားကင်ဆာကိုလည်း Letrozole 2.5 mg တနေ့ ၁ ပြား၊ ၃-၆ ပါတ်ကြာပေးလေ့ရှိတယ်။ Femara 2.5 mg ဆေးကနေ အီစထိုဂျင် သက်ရောက်မှုတွေကို နည်းစေတယ်။ အားကစားသမားတွေကို Letrozole 0.5-1.0 mg တနေ့ ၁ ကြိမ် ပေးတယ်။

စမ်းသပ်ကုသပေးနေတဲ့ အိုဂျီကသာ သူ့လူနာအခြေအနေကို ပိုသိပါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁၁-၂ဝ၁၇
၂၅-၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး