စူဠသုဘဒ္ဒါ
ငယ်ငယ်က ဦးပုညဝတ္ထုလေးပုဒ် သင်ခဲ့ရ၊
ကြီးမှ သတ်ပုံစာ ပြန်ပြောနေရ၊
ဇိနတ္ထ ငယ်ငယ်က ဖတ်ခဲ့ရ၊
ကြီးမှ သင်ပုန်းကြီးစာ ပြန်ပြောနေရ။
မြန်မာစာနေ ကျီးသဲလေးထပ်ဆရာတော်ကို မွေး၊
ခေတ်ဆိုးကနေ မြန်မာစာကို ဂျီး သဲ အထပ်ထပ်ကို ပေး။ (ကန်တော့ပါ။)
ဦးပုညကို နန်းတွင်းစာဆိုအဖြစ် သတ်မှတ်၊
ခေတ်ဆိုးထဲမှာ မြန်မာစာကို အစွယ်ဖြတ်။
မုဆိုး ညစ်ထေး၊ ငမိုက် ခွေးလည်း၊ လေးစွန်တောင်နှင့်၊ အာပေါင်ကို လှန်၊ ဒိုင်းထောက်၍ ကန်ပြီးလျှင်၊ ထက်သန်မြမြ၊ ကြောက်မက်ဖွယ် လွှကြီးနှင့်၊ အာစကို ဖြတ်တိုက်၊ ဦးနှောက်သို့ ခိုက်လုအောင်၊ အလျားလိုက် ထိုးသွတ်၊ စွယ်ရင်းကို ပွတ်သည်တွင်၊ ပေါက်လွတ် ဗလပွာ၊ ကန်ကျိုး၍ လာသကဲ့သို့၊ အာခံတွင်းမှ၊ သွေးချောင်းကျလျက်၊ ဒုက္ခဝေဒနာ၊ ကြီးစွာ ဖြစ်တော်မူသည်။
စူဠသုဘဒ္ဒါဟာ အစွယ်ကို လိုချင်သူသာဖြစ်တယ်။ အသွားစေခိုင်းသူက ဘုရင်၊ အစွယ်ကို တကယ်ဖြတ်သူက မုဆိုး ဖြစ်တယ်။
(ဇိနတ္ထ = ဇိနတ္ထပကာသနီ)
ဒေါက်တာတင့်ဆွေ
၁၇-၂-၂ဝ၁၈

Comments
Post a Comment