အပါးအနပ်ဆုံးလူ
တခါက ဘုရင်တပါးသည် မိမိကိုယ် အပါးနပ်ဆုံးဟု အထင်ကြီးလျက်ရှိသည်။
အင်း - ငါ့ထက်သာတဲ့သူများရှိယင် ငါ့ရဲ့ဂုဏ်သိက္ခာကို ထိခိုက်တော့မယ်။ ငါ ဘယ်လိုကြံရမလဲ။
အမတ်ကြီး ဟောဒီစာချွန်ကိုဖတ်ပြီး တပြည်လုံး မောင်းခတ်ကြွေးကြော်တော်မူစမ်း။
ဘုရင်ကြီးအား လိမ်နိုင်သူရှိက ဆုတော်များပေးမည်။ မလိမ်နိုင်ပါက တသက်လုံး ကျွန်ခံရမည် - အမိန့်တော့့်
မောင်ဥာဏ်ဝင်းက လိမ်ညာလိုကြောင်းပြော၏။
အမတ်ကြီးများခင်ဗျာ့း့ ကျွန်တော် ဘုရင်ကြီးကို လိမ်ညာလိုပါတယ်။
လိမ်ညာနိုင်ယင် နန်းတော်တွင်း လိုက်ခဲ့ပေတော့။
နန်းတော်သို့ရောက်လျှင့့်
ကျွန်တော်မျိုး မောင်ဥာဏ်ဝင်း ကြိုးစားကြည့်လိုပါသဖြင့် ခစားနေကြောင်းပါဘုရား။
ကောင်းပြီ လိမ်ညာပေတော့။ မောင်မင်းနိုင်ရင် လိုတဲ့ဆုကိုတောင်းနိုင်တယ်။
မှန်လှပါ လိမ်ညာမဲ့ ပစ္စည်းများ မေ့ကျန်ခဲ့ပါသည်။ သွားယူရန် လှည်းများကို ပေးတော်မူပါ။
အမတ်ကြီး လှည်းများကိုပေးစေ။
မှန်လှပါ။
တပတ်ခန့်ကြာသော် မောင်ဥာဏ်ဝင်း ပြန်ရောက်လာသည်။
ထိုစဉ် ဘုရင်၏ကြောင်သည် မောင်ဥာဏ်ဝင်းနားကို လျှာဖြင့် လာလျက်သည်။
အို့ ဒုက္ခပါဘဲ။ ဘုရင်ကြီးကြောင်က ကျွန်တော်မျိုးဇနီး နေမကောင်းဘူးလို့ ပြောနေပါတယ်။ အိမ်ခဏပြန်ပါရစေ။
သွားပြီး မြန်မြန်ပြန်ခဲ့။
လိမ်ညာမဲ့ပစ္စည်းတွေများလို့ သယ်ပိုးရန် အစေခံများ ပေးတော်မူပါ။
အမတ်ကြီး ကျေးကျွန်များကို ခေါ်ယူပေးစေ။
မြန်မြန်ပြန်လာဘို့ အရှင်မင်းကြီးရဲ့မြင်းကို ခဏမျှပေးပါ။
ခဏမျှ ယူစီးပါ။ ပြန်လာလျှင် လိမ်ရမယ်နော်။
သုံးရက်ခန့်ကြာသော် မောင်ဥာဏ်ဝင်းသည် မြည်းတကောင်းကိုစီးပြီး ပြန်လာလေသည်။
မှန်လှပါ အရှင်မင်းကြီးရဲ့မြင်းကို စီးသွားတဲ့အခါ မြင်းအဖြစ်မှာ မြည်းအဖြစ်ပြောင်းလွဲသွားပါတယ်။
အို ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။
မင်းကြီးမြင်းရဲ့ ကကြိုးတန်ဆာများအားလုံးရှိနေပါတယ်။ ယုံတော်မူပါ။
ကဲ မောင်မင်း ငါ့ကို အမြန်ဆုံးသာ လိမ်ညာပေတော့။
ကျွန်တော်မျိုး လိမ်ပြီးပါပြီ။
ဟော - ငါ့ကို ဘယ်လိုလိမ်ညာခဲ့တယ်ဆိုတာ ပြောစမ်း။
အရှင်မင်းကြီး လူအများကို လိမ်ညာတဲ့အခါ ပစ္စည်းများကို အသုံးပြုတတ်ပါသလား။
မသုံးခဲ့ဘူး။
အရှင်မင်းကြီးရဲ့ကြောင်ဟာ မင်းကြီးကို လူစကားပြောဘူးပါသလား။
မပြောခဲ့ဘူး။
မင်းကြီးကို မပြောယင် ကျွန်တော်မျိုးကိုလဲ ဘယ်ပြောမလဲ။ ဒါဟာလဲ လိမ်တာပါဘဲ။
မင်းကြီးရဲ့မြင်းဟာ မြည်းအဖြစ်ပြောင်းလွဲခဲ့ဘူးပါသလားဘုရား။
ငါ့မြင်းဟာ ဘယ်တုန်းကမှ မြည်းအဖြစ်မပြောင်းလွဲခဲ့ဘူး။
ဒါဟာ တတိယအကြိမ် လိမ်ခြင်းပါဘဲ။ ဒီလိုနဲ့ မင်းကြီးကို သုံးကြိမ်တိတိလိမ်ညာခဲ့ပါတယ်။
အင့်း့ လောကမှာ ငါ့ထက် လိမ်မာပါးနပ်တဲ့သူတွေ ရှိသေးတာဘဲ။
မောင်မင်း တော်ပါပေတယ်။ တောင်းလိုတဲ့ဆုကိုသာ တောင်းပေတော့။
ကျွန်တော်မျိုးရွာအနီးမှ လယ်ယာမြေများကို အခွန်အကောက်မဲ့အဖြစ် ရာသက်ပန်ပေးတော်မူပါ။
အမတ်ကြီးများ မောင်ဥာဏ်ဝင်းတောင်းသော ဆုတော်ကို အမြန်ဆုံး ပေးကြစေ။
ဒေါက်တာတင့်ဆွေ
၁၉-၂-၂ဝ၁၈

Comments
Post a Comment