သဘောကျလို့ ဆရာ့ဆီပို့လိုက်ရတာပါရှင်
မြန်မာအက္ခရာတလုံး အဓိပ္ပါယ်ပေါ်လာဖို့ နှစ်ပေါင်းများစွာ ရာချီပြီး ကြာမြင့်ခဲ့တာ မြန်မာစာမေဂျာက ညီ/ညီမ အကို/အမ တွေက အသိဆုံးပါ။ ဘယ်သူပဲဖြစ်ဖြစ်ပါ စာပေမြင့်မှ လူမျိုးတင့်မည် ဆိုတဲ့အတိုင်း အပျော်အပါး ပြောမိရာကနေ နောင်အနာဂတ်မှာ မြန်မာစာပေရဲ့တန်ဖိုးတခုကို မြင့်တင်နိုင်ကြဖို့ အတူတူကြိုးစားကြစေချင်တယ့့်
ကောင်း၏။ အားရှိ။ ကျေးဇူး။
ကနေ့ ဘုန်းကြီးကျောင်းမှာ တွေ့ခဲ့တဲ့ မိန်းကလေးဖခင်က ရန်ကုန်တက္ကသိုလ်က မြန်မာစာပါမောက္ခတဲ့။ အမည်လည်း ပြောပြတယ်။ ယူအက်စ်အေက ယူနီဗာစတီတခုကို မြန်မာစာလာသင်ပေးရတယ်တဲ့။ သူ့ဖခင်လာရင် ဖုန်းဆက်ပြီး တွေ့ပေးမယ်တဲ့။ တွေ့လည်း တွေ့ချင်တယ်။ ဒါပေမဲ့ ဆိုတာလည်း ရှိသေးတာ။
စာရေးဆရာတွေ ဟောပြောတာမှာ သတ်ပုံမမှားကြလို့ နားထောင်ချင်ပေမဲ့ သူတို့ရေးတဲ့ စာအုပ်တွေကိုတော့ ပေါ်လစီသတ်ပုံတွေနဲ့ရေးထားရင် မဖတ်ချင်။ မဖတ်တတ်။
ကျွန်တော်က နိုင်ငံရေးမှာလည်း ခေါင်းမာလို့ ရွာပြင်မှာနေရသူ။ သုတပညာနဲ့ ယဉ်ကျေးမှုအရာတွေမှာ အားမနာတတ်သူ။ ပညာကို ပညာလို ငြင်းရတာတော့ သင့်မြတ်ပါတယ်။ ကုလားထိုင်နဲ့ အမိန့်ပေးတာမျိုး မကောင်းပါ။
ပို့ပေးတဲ့စာထဲမှာပါတဲ့ ရှင်မဟာရဋ္ဌသာရ၊ ရှင်အုန်းညို၊ ဝန်ကြီးပဒေသရာဇာ၊ နတ်သျှင်နောင်၊ ဦးကြင်ဥ၊ ဦးပုည၊ ယောမင်းကြီးဦးဖိုးလှိုင်၊ မြဝတီမင်းကြီးဦးစ စတဲ့ ဆရာတော်တွေ ပညာရှင်တွေခေတ်မှာ ကုလားထိုင်မပေါ်သေးပါ။
ဒေါက်တာတင့်ဆွေ
၁၈-၂-၂ဝ၁၈

Comments
Post a Comment