One Thousand and One Nights တထောင့်တည

ကျနော် သခင်ဘသောင်းရဲ့ တစ်မလုပ်ပဲ တနဲ့ရေးတဲ့ photo comment တွေကို တောကပြိတ္တာဆိုတဲ့ ဆရာပိုစ့်မှာ ရှိပါတယ်ဆရာ။

သခင်ဘသောင်းဟာ လူလေးစားခြင်းခံရတဲ့ စာရေးဆရာတဦးလည်းဖြစ်တဲ့အပြင် ပဌမဆုံးသခင်အမည်ခံသူဖြစ်ပါတယ်။ သခင်ဘသောင်းရေးသားခဲ့တဲ့ ထင်ရှားတဲ့စာအုပ်တွေကတော့ ပန်းသာမစာဥ၊ တထောင့်တည၊ ဗုဒ္ဓ၏စကြာဝဠာတရား၊ ဆရာဝန်ပါပဲ၊ တိုင်းပြည့်ရန်သူ၊ ခြေလေးချောင်းတော်လှန်ရေး၊ အမေလေး၊ သူခိုးအာမတ်၊ ကမ္ဘာ့ရာဇဝင်ချုပ်၊ ကမ္ဘာပတ်လည် ရက်ရှစ်ဆယ်။

သခင်ဘသောင်းရေးသားခဲ့တဲ့စာအုပ်တွေကို ပြန်ပြီးထုတ်ဝေကြတယ်။ ကောင်းပါတယ်။ ဒါပေမယ့် သခင်ဘသောင်း ရေးခဲ့တဲ့သတ်ပုံတွေကို စစ်အစိုးရခေတ်မှာ ပြောင်းထားတဲ့အတိုင်းသာ ထုတ်ဝေရေးသားနေကြတယ်။ တထောင့်တညကနေ တစ်ထောင့်တစ်ည ဖြစ်နေတယ်။ အဲတာ မှားတယ်။ သခင်ဘသောင်းရေးသားခဲ့တဲ့ ဘာသာပြန်သူတဦး၏ အတွေ့အကြုံနှင့် ထင်မြင်ချက်များမှာ သည်လိုသတ်ပုံတွေသာ ပါတယ်။ တတွေက တစ်မဟုတ်ကြပါ။ ဓါတ်ပုံရိုက်ပို့ပေးထားတာတွေရှိပါတယ်။ မတင်တော့ပါ။

အသက်မွေးမှုအတတ်ပညာတခုဖြစ်သည်
အသက်မွေးမှုအတတ်ပညာတခုခုကို
အခြားတနည်းတလမ်းဖြင့်
တဘာသာမှတဘာသာသို့ပြန်ရာတွင်
ထို့ပြင် တခါတရံပါဠိလို
တခါတရံတွင်
တမျိုးတည်းသာ
စကားလုံးတလုံးကို
ဥပဒေသတခုဖြစ်သည်ကို

ကိုယ်ပိုင်စာကို ကိုယ်ကြိုက်တဲ့သတ်ပုံတွေရေးတာ မပြောလိုလှပါ။ မူရင်းဆရာတော်ကြီးတွေ၊ စာရေးဆရာတွေ၊ ကဗျာဆရာတွေရေးသားထားခဲ့တာတွေကို ကိုယ်လိုသလိုလိုက်ပြီး သတ်ပုံပြောင်းတာဟာ စော်ကားရကျပါတယ်။ နောက်စာဖတ်ကြသူတွေကိုလည်း လမ်းလွဲရောက်အောင် အမှားတွေသင်ပေးရာကျပါတယ်။ မလုပ်ကောင်းပါ။

One Thousand and One Nights ကို Arabian Nights လို့လည်းခေါ်တယ်။ ၁၇ဝ၆ ကတည်းက အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေခဲ့ပါတယ်။ အခုထိ ဘာသာပေါင်းများစွာ၊ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ထုတ်ဝေထားပြီးဖြစ်တယ်။ အစိုးရပြောင်းလို့ သတ်ပုံ စပယ်လင်တွေ ပြောင်းထုတ်တာတော့ မြန်မာတနိုင်ငံတည်းသာရှိတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၈-၂ဝ၁၆
၂၂-၈-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး