Looking Back ခြသေ့င်္လည်ပြန်
သို့မဟုတ် ချင် ခြင် ချဉ်
ပြန်ချင်သလားမေးရင် ပြန်ချင်တယ်။ ခြင်ကိုက်မှာလည်း မကြောက်ပါ။ ကျွန်တော့်ကို အသေရရ အရှင်ရရ ဖမ်းချင်သူတွေကတော့ တစခန်းသိမ်းသွားပြီထင်ရတယ်။ ဒါပေမဲ့ No Smile!
ဆင်ခြင်တုံတရားနဲ့ စဉ်းစား၊ သွားချင်လာချင်ပေမဲ့ လိုချင်တာမရသေးလို့ စောင့်နေရတယ်။ ဖြစ်ချင်တိုင်း ဖြစ်နေတာတွေကို လာကြည့်ချင်တာလို့တော့ မပြောချင်ပါ။ Smile!
ခြင်ပုန်း၊ ခြင်ကောင်ကာကွယ်ဘို့ရာ ခြင်ထောင်နဲ့အိပ်မယ်။ နေ့ခင်းမှာတော့ ခြင်ယပ်သုံးမှာပေါ့။ ဟောက်ဆာဂျင်လုပ်ခဲ့တဲ့ ရိုးတွင်းခြင်ဆီ စိမ့်အောင်အေးတဲ့ မေမြို့ဆောင်းကို သတိရနေတာအခါခါ။ ပုလဲက အိမ်ဟောင်းလေးမှာတော့ အခြင်ရနယ် ပျက်နေပြီတဲ့။ No smile!
ဝယ်ချင်တာတွေကို ခြင်တွယ်ဝယ်ပါမယ်။ ခွက်ခြင်ရောင်းတာတော့ မသောက်တော့ပါ။ လာလည်ရတဲ့အခါ အကြောအခြင်ပြေမှာ အမှန်ပါ။ စားချင်တတာတွေထဲမှာ ချဉ်ပေါင်၊ အချဉ်ဖတ်၊ ငါးချဉ်တွေလည်းပါတယ်။ လေချဉ်တက်ရင် ဒိန်ချဉ်ပဲသောက်မယ်။ စိတ်ချဉ်ပေါက်ပြီး၊ ချဉ်စုတ်စုတ်အရည်တွေတော့ ငယ်ငယ်ကလို မသောက်တော့ပါ။ Smile!
၁၉၉ဝ ဒီဇင်္ဘာ ၂၁ ရက်နေ့မှာ မခွဲခွါချင်တဲ့ မြန်မာပြည်ကို နောက်ဆုံးအကြိမ် သမင်လည်ပြန်ကြည့်ပြီး ကျောခိုင်းခဲ့ရတယ်။ အခုတော့ ကျွန်တော်မဟုတ်သူတွေက ခြင်္သ့လည်ပြန်ကြည့်နေကြတယ်။ No Smile!
ဒေါက်တာတင့်ဆွေ
၂၂-၈-၂ဝ၁၆
၂၂-၈-၂ဝ၁၇

Comments
Post a Comment